October 19, 2024

၂၅. ၁၀. ၂၀၂၃

Written by MMAK

◾ဂါလာတာစာရေး ၁-၃ ဘိုင်ယန်မြူးနစ်

-အိုင်ကာဒီ ၃၀'(P)|

-ကိုမန်း ၈’

ဟယ်ရီကိန်း ၇၃’

မူဆီယာလာ ၇၉’

◾ အင်တာမီလန် ၂-၁ ဆဲလ်ဘာ့ဂ်

-ဆန်းချက်ဇ် ၁၉’

ကယ်လ်ဟန်နိုဂလူ ၆၄'(P)

-ဂလော့ခ် ၅၇’

◾ မန်ယူ ၁-၀ FC ကိုပင်ဟေဂင်

မက်ဂွိုင်းယား ၇၂’

◾ ဆီဗီလာ ၁-၂ အာဆင်နယ်

-ဂူဒီလ် ၅၈’

-မာတီနယ်လီ ၄၅+၃’

ဂျေးဇူး ၅၃’

◾ စပို့တင်းဘရာဂါ ၁-၂ ရီးယဲလ်မက်ဒရစ်

-ဂျာလို ၆၃’

-ရိုဒရီဂို ၁၆’

ဘယ်လင်ဟမ် ၆၁’

◾ ယူနီယံဘာလင် ဝ-၁ နာပိုလီ

ရပ်စ်ပါဒိုဒီ ၆၅’

◾ ဘင်ဖီကာ ဝ-၁ ဆိုစီဒက်

-မန်ဒက်ဇ် ၆၃’

◾ လန်းစ် ၁-၁ ပီအက်စ်ဗီ

ဝါဟိ ၆၅’

-ဘာကာယိုကို ၅၄’

◾ ဘိုင်ယန်မြူးနစ်နဲ့ဂိုးပေါ်၊ ရီးရဲနဲ့ နာပိုလီပွဲဟာဂိုးအောက်၊ ဆိုစီဒက်နဲ့ ဂိုးအောက်ပဲ ခန့်မှန်းချက်မှန်ခဲ့လို့ ၅၀ ရာခိုင်နှုန်းပဲသေချာတဲ့ပွဲမှာ အကျိုးအမြတ်ရှာကြသူတွေအဖို့ မျှော်လင့်သလောက်မဖြစ်ခဲ့ပါဘူး။ ဒီနေ့ညရဲ့ ချန်ပီယံလိဂ်ပွဲစဥ်တွေမှာ အာဆင်နယ်ဟာ ဆီဗီးလားကို အိမ်ကွင်းမှာ အနိုင်ကစားပြပြီး ထိပ်ဆုံးနေရာကို ပြန်ယူသွားခဲ့ပါတယ်။ ပထမပိုင်းမှာ အာဆင်နယ်ဟာ ကစားပုံမကောင်းခဲ့ဘဲ ပွဲပြီးကာနီးနဲ့ ဒုတိယပိုင်းအစကြမှ ဘရာဇီးလ်သားတွေ မစလို့ နိုးထခဲ့ရတာပါ။ ဒီနေ့ပွဲဟာ ကြည့်ကောင်းခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး လန်းစ်ကို အရှုံးကနေ နိုးထပြခဲ့တဲ့ အာဆယ်နယ်က အနိုင်နဲ့ထိုက်တန်ခဲ့တယ်ပြောရမှာဖြစ်သလို ဆီဗီလာကတော့ ဘူမိနက်သန် ယူရိုပါလိဂွပြန်ရဖို့ပဲ အားသန်နေသလား ပြောရမှာပါ။

◾ ချန်ပီယံလိဂ်ရဲ့ အထက်တန်းလွှာကို ဝင်ဆံ့ပုံမရသေးတဲ့ မန်ယူဟာ ဒီနေ့ပွဲမှာလည်း ကစားကွက်မရှိ ပျင်းရိပျင်းတွဲဟန်တွေနဲ့ ခါးဆက်ပြတ်နေတာကြောင့် ပွဲချိန် ၇၁ မိနစ်ကြမှ အခုနောက်ပိုင်း သူရဲကောင်းပြန်ဖြစ်လာတဲ့ မက်ဂွိုင်းယား ခေါင်းတိုက်ဂိုးနဲ့ ကယ်လို့ တစ်ဂိုးရခဲ့ပါတယ်။ ဒါပေမဲ့လည်း နှစ်ပွဲဆက် ပင်နယ်လ်တီပေးရအောင်ကြံတဲ့ တော်မီနေးမ,လို့ ပွဲပြီးတော့မဲ့အချိန် ၉၀+၅ မှ ပင်နယ်လ်တီပေးခဲ့ရပြီး လာဆင်ကန်လို့ စိတ်ဖိစီးခဲ့ပေမဲ့လည်း အိုနားနားက ကယ်တင်သွားခဲ့ပါတယ်။ ပင်နယ်လ်တီသာ မကာကွယ်နိုင်ခဲ့ရင် မန်ယူဟာ ကိုပင်ဟေဂင်အောက် အဆင့် (၄) နေရာရပ်တည်နိုင်မှာဖြစ်ပေမဲ့ ကယ်တင်ရှင်အိုနားနားကြောင့် အဆင့် (၃) နေရာကို ရမှတ် (၃) မှတ်နဲ့ ရပ်နိုင်ခဲ့တာပါ။ ထူးခြားတဲ့အနိုင်ကတော့ ဝေဖန်ခံနေကြ မက်ဂွိုင်းယားဂိုးသွင်းပြီး အိုနားနားက ပင်နယ်လ်တီကာကွယ်ခဲ့တာကိုပဲ ပြောရမှာပါ။ တဖြည်းဖြည်းနဲ့တော့ သူတို့ဟာ သူတို့တန်ဖိုးအမှန်ကို ပြနိုင်လာပြီး သရဲနီပီသနေပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *