October 19, 2024

၂၅. ၁၀. ၂၀၂၃
Written by Pan Ei

မကြာသေးမီက တောင်ကိုရီးယားမှာ ထင်ရှားကျော်ကြားပြီး ဆိုရှယ်မီဒီယာမှာလည်း လူသိများတဲ့ မော်ဒယ် Aiin ဟာ တောင်ကိုရီးယားက လူစည်ကားတဲ့ ဟုမ်းဒဲခရိုင်တဝိုက်မှာ အဝတ်အစားမပါဘဲ ကတ်ထူပုံးကိုပဲ ကိုယ်မှာဝတ်ဆင်ကာ လမ်းသွားလမ်းလာတွေကိုလည်း သူမရဲ့ ရင်သားကို ထိဖို့ ဖိတ်ကြားနေခဲ့တာကြောင့် အခုအခါမှာတော့ သူမဟာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးခြင်းကို ခံနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဖြစ်ပွားခဲ့တဲ့ အဆိုပါ လူသိရှင်ကြား ညစ်ညမ်းတဲ့ လုပ်ရပ်ဟာ တောင်ကိုရီးယားက အွန်လိုင်းအသုံးပြုသူတွေကြားမှာ ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်စေခဲ့ပြီး Aiin ကတော့ ကျားမတန်းတူညီမျှမှုစံနှုန်းတွေကို စိန်ခေါ်ဖို့အတွက် ခုလို လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Aiin ဟာ အဝတ်အစားအစား ကတ်ထူပုံးကို ဝတ်ဆင်ကာ ဟုမ်းဒဲလမ်းမတွေပေါ်မှာ သွားလာနေခဲ့ပြီး လမ်းသွားလမ်းလာတွေရဲ့အာရုံကို ဆွဲဆောင်နေခဲ့တာဖြစ်သလို ဒီအဖြစ်အပျက်ကို ဖြတ်သွားဖြတ်လာတွေက မှတ်တမ်းတင်ခဲ့ပြီး လူမှုကွန်ရက်ပေါ်မျှဝေခဲ့ရာမှာတော့ လျှင်မြန်စွာ ပျံ့နှံ့ခဲ့ခြင်းဖြစ်ကာ ဝေဖန်မှုတွေလည်း ပြင်းထန်စွာ ထွက်ပေါ်လာခဲ့တာပါ။ အဆိုပါ ညစ်ညမ်းမှု လုပ်ရပ်ကို စုံစမ်း စစ်ဆေးနေကြောင်း ကိုရီးယား ရဲတပ်ဖွဲ့ကလည်း တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Aiin ရဲ့ လူမြင်ကွင်းမှာ ခုလို မသင့်လျော်တဲ့ အပြုအမူဟာ ထောင်ဒဏ်တစ်နှစ်နဲ့ အမြင့်ဆုံးဒဏ်ငွေ ဝမ် ၅ သန်းချမှတ်နိုင်တယ်လို့ သိရပြီး တွေ့ရှိရတဲ့ အချက်အလက်တွေအပေါ် အခြေခံကာ Aiin ရဲ့ လုပ်ရပ်ဟာ တောင်ကိုရီးယားနိုင်ငံက ရာဇသတ်ကြီး ပုဒ်မ ၂၄၅ ဖြစ်တဲ့ လူသိရှင်ကြား ညစ်ညမ်းမှု ကျူးလွန်ကာ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး စိတ်မသက်မသာ ဖြစ်စေခြင်း ဒါမှမဟုတ် အရှက်ရစေခြင်းတို့နဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *