October 19, 2024

၂၄. ၁၀. ၂၀၂၃
Written by Nay Aung

စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ဆိုသော မြန်မာအစိုးရအဖွဲ့ SAC အပေါ် စွပ်စွဲချက်များသည် ခိုင်မာသော သက်သေအထောက်အထားပြသနိုင်ခြင်းမျိုးမရှိကြောင်း ကုလသမဂ္ဂလူအခွင့်အရေးညီလာခံကိုတက်ရောက်ခဲ့သော ရုရှားလူအခွင့်ရေးကိုယ်စားလှယ်အဖွဲ့က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏လူအခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်အန်ဒရူးက မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အစီရင်ခံစာတင်သွင်းရာတွင် မြန်မာနိုင်ငံ၌ လူအခွင့်အရေးချိုးဖောက်ခံရမှုများရှိနေပြီး အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒေသအတွင်း မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့သလို လူပေါင်း ၄ ထောင်သေဆုံးခဲ့ကာ အိမ်များနှင့်အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦများအပါအဝင် အဆောက်အဦပေါင်း ၇၅၀၀၀ ဖျက်ဆီးခံခဲ့ရကြောင်း ဖော်ပြထားသည်။

သို့သော်လည်း ရုရှား အစိုးရ လူအခွင့်အရေးကိုယ်စားလှယ်အဖွဲ့က”SAC အဖွဲ့ဟာ စစ်ရာဇဝတ်မှုများ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး သက်သေအထောက်အထား ခိုင်မာစွာ ပြသနိုင်ခြင်းမျိုးမရှိဘူး။ အဲဒီစွပ်စွဲချက်တွေဟာ မှန်ကန်မှုရှိတယ်လို့ယုံကြည်လို့မရဘူး”ဟု ပြောသည်။

This image has an empty alt attribute; its file name is photo_2023-10-24_16-29-53.jpg

အောက်တိုဘာ ၂၃ ရက်နေ့က ကျင်းပခဲ့သော ကုလသမဂ္ဂလူအခွင့်ရေးကောင်စီ၏ Third Committee အစည်း အဝေးအတွင်း မြန်မာ၊ ယူကရိန်း၊ မြောက်ကိုရီးယားနိုင်ငံတို့၏ လူအခွင့်အရေးအခြေအနေများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်အကြမ်းဖက်မှုများ မြင့်တက်လာနေခြင်းကို စိုးရိမ်မိသည်ဆိုသော ပြောဆိုသံများ ပဲ့တင်ထပ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူအခွင့်အရေးကိုယ်စားလှယ်၏ အစီရင်ခံစာကို ထပ်မံ ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူ့အခွင်အရေးဆိုင်ရာကိုယ်စားလှယ်အဖွဲ့က အန်ဒရူး၏ အစီရင်ခံစာသည် ယုံကြည်အားကိုးထိုက်မှု နည်းပါးကြောင်း တုံ့ ပြန်ပြောဆိုထားသည်ဟု သိရသည်။

ထိုင်းနိုင်ငံ၏ ကုလသမဂ္ဂလူအခွင့်ရေးဆိုင်ရာကိုယ်စားလှယ်အဖွဲ့က နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာနေထိုင်ရသူများအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအအညီများပေးနိုင်ရန်အတွက် ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် (WFP)ကို ရန်ပုံငွေများ ကူညီထောက်ပံ့ပေးစေလိုကြောင်း တိုက်တွန်းတောင်းဆိုခဲ့သည်ဟုလည်း သိရသည်။

Ref; reliefweb

Leave a Reply

Your email address will not be published. Required fields are marked *