October 19, 2024

၂၄. ၁၀. ၂၀၂၃
Written by MMAK

ချန်ပီယံလိဂ်အုပ်စုတွေရဲ့ တတိယမြောက်ပွဲစဥ်အလှည့်ရောက်လာချိန်မှာ ဒီတစ်ပတ်ပွဲစဥ်တွေက ဘယ်အသင်း အုပ်စုတက်ပြီး ဘယ်အသင်းက ထွက်ရမယ်။ ဘယ်အသင်းကတော့ ယူရိုပါလိဂ်ဆင်းရမယ်ဆိုတာကို ပြောလို့ရလာနိုင်မှာဖြစ်တဲ့အတွက် အသင်းတိုင်းအဖို့အရေးပါနေသလို ချန်ပီယံလိဂ်ဖြစ်နေတာကြောင့်လည်း ခန့်မှန်းဖို့မလွယ်ပေမဲ့ ချန်ပီယံလိဂ်ညရဲ့ အပိုင်ဆုံးပွဲစဥ်တွေအဖြစ် မန်ယူ ဂိုးပေါ်၊ ဆီဗီးလား၊ လန်းစ် ဂိုးပေါ် တို့ကို စိတ်ကြိုက်ပွဲစဥ်အဖြစ် ရွေးချယ်ပေးလိုက်သလို အားလုံး အပေါင်းပြကြပါစေလို့လည်း MT News က သုံးသပ်ဆုတောင်းပေးလိုက်ပါတယ်။

◾ ဂါလာတာစာရေး Vs ဘိုင်ယန်မြူးနစ်

နောက်ဆုံး ၁၁ ပွဲဆက် တစ်ပွဲအနည်းဆုံး၂ ဂိုးသွင်းခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဟာ ကိုပင်​​ဟေဂင်နဲ့ပွဲမှာ ကြေးမအောင်ခဲ့ပါဘူး။ ဂါလာတာစာရေးကလည်း တိုက်စစ်အားသန်တဲ့ အသင်းပါ။ တိုက်စစ်ဖွင့်ဆော့ကြမဲ့ပွဲဖြစ်ပြီး အဆုံးသတ်သေချာတဲ့ ဘိုင်ယန်မြူးနစ်တို့ ကြေးအောင်သွားမဲ့ အနေအထားပါ။ ဘိုင်ယန်နဲ့ ဂိုးပေါ်ကို အပိုင်ရွေးချယ်လိုက်ပါ။

◾ အင်တာမီလန် Vs ရတ်ဘူးလ်ဆဲဘတ်

အင်တာတိုက်စစ် တော်တော်ကောင်းမွန်သလို ခံစစ်လည်း ကောင်းပါတယ်။ ဘော်ဒီ ကြေးတန်းမှာ ဂိုးပေါင်းကြေးဖွင့်ထားပုံအရ ဆဲဘတ် ဂိုးရဖို့မရှိပါဘူး။ ဆဲဘတ်ဟာ ပြည်တွင်းလိဂ်မှာပါ အခြေအနေမကောင်းတာပါ။ အင်တာအိမ်ကွင်း ဆန်စီရိုမှာတော့ ဆဲဘတ် ဘာမှလုပ်ပြနိုင်ဖို့မရှိဘဲ အင်တာမီလန် ရဲ့ သွင်းဂိုးတွေကို ထိုင်ကြည့်ရုံပါဘဲ။

◾ မန်ယူ Vs ကိုပင်ဟေဗင်

ချန်ပီယံလိဂ်မှာ တစ်မှတ်မှမရသေးဘဲ နှစ်ပွဲစလုံးရှုံးထားတဲ့ မန်ယူ သွင်းဂိုးတွေ များသလို ပေးဂိုးတွေလည်း များနေပါတယ်။ ကိုပင်ဟေဂင်ကို ၂ ကျော့လုံးနိုင်ထားမှ အုပ်စုတက်နိုင်မဲ့ အနေအထားမှာ အိမ်ကွင်းမှာတော့ လုံးဝမှားလို့ မရတော့ပါဘူး။ အနိုင်ရဖို့ အစွမ်းကုန်တိုက်စစ် ဖွင့်ဆော့မဲ့ အနေအထားပါ။ ဆိုးရွားတဲ့ခံစစ်ကစားပုံ​မှာ ​ကိုပင်ဟေဂင်ကိုလည်း သေချာပေါက် တစ်ဂိုးပေးရလိမ့်မယ်။ ဒီတော့ နှစ်သင်းပေါင်း အနည်းဆုံး သုံးဂိုးရမဲ့ အနေအထားမှာ ဂိုးပေါ် တစ်ကြောင်းထဲကို စိတ်ကြိုက်ဆွဲလိုက်ပါ။

◾ ဘရာဂါ Vs ရီးရဲယ်မက်ဒရစ်

နှစ်ပွဲကစားပြီး ခြောက်မှတ်အပြည့်ရထားတဲ့ ချန်ပီယံလိဂ် မာစတာကြီး ရီးရဲဟာ နောက်အပတ်ကန်မဲ့ ဘာစီလိုနာနဲ့ အယ်ကလက်စီကို စိတ်ရောက်နေမလား ..။ ဘရာဂါ အနေနဲ့ အိမ်ကွင်းဆိုပေမဲ့ ရီးရဲကို သရေရရင်ကို ကျေနပ်ရမဲ့အနေအထားပါ။ ရီးရဲခံစစ်ကို ဂိုးသွင်းဖို့လည်း မလွယ်ပါဘူး။ ရီးရဲကလည်း ခြောက်မှတ်ရထားပြီး ဘာစီလိုနာနဲ့ပွဲကို စိတ်ရောက်နေနိုင်တာမို့ ဒီပွဲမှာ အပြန်အလှန်သွင်းဂိုးတွေ မြင်ရမယ် မထင်ပါဘူး။ နှစ်သင်းပေါင်း လေးဂိုးမရောက်နိုင်တဲ့ပွဲမှာ ဂိုးအောက်ကို ရဲရဲကြီး ရွေးလိုက်ပါ။

◾ ဆီဗီးလား Vs အာဆင်နယ်

ရာမို့ ပြန်ရောက်လာပြီး နောက်ပိုင်း ဆီဗီးလား ပိုတည်ငြိမ်လာပါတယ်။ ကစားပုံရော ယုံကြည်မှုရော အားကောင်းနေတဲ့အချိန်ပါ။ အသင်းကြီးတွေနဲ့ဆိုရင် ရေကုန်ရေခမ်း ကစားအား တင်ဆော့တတ်တဲ့ အသင်းမျိုးပါ။ အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်မှာ ပြီးခဲ့တဲ့အပတ်က လန်းစ် အသင်းကို ရှုံးခဲ့တဲ့ အတွက် အမှတ်ရဖို့လိုအပ်နေပါတယ်။ ဒါပေမဲ့ ဆီဗီလားကွင်းမှာ အနိုင်ရဖို့ ဖြစ်နိုင်ခြေနည်းလွန်းပါတယ်။ သရေ ရဖို့တောင် မလွယ်တဲ့ ပွဲစဥ်ပါ။ ဒါကို ဘွတ်ကီတွေက အာဆင်နယ်ကပေးထားတာဆိုတော့ အာဆင်နယ် ဂိုးတော့ရနိုင်တယ် ဆီဗီလားကို ဂိုးလည်းပြန်ပေးရမှာ အသေအချာပါဘဲ။ ဒီပွဲဟာ အိမ်ရှင် ဆီဗီးလားနဲ့ ဂိုးပေါ် တွဲရိုက်ရင် အရှုံးမရှိဘဲ ကံကောင်းရင် နှစ်ကျပ်ကွက်ရမဲ့ တစ်ပေါက်ရှိပါတယ်။

◾ ယူနီယံဘာလင် Vs နာပိုလီ

အမှတ်ပေးနဲ့ ချန်ပီယံလိဂ်ကြောင့် ဗျာများနေတဲ့ ယူနီယံဟာ နောက်ဆုံးပြိုင်ပွဲစုံ ၈ ပွဲဆက် ပေးဂိုးအများကြီးနဲ့ ရှုံးထားပါတ်။ နာပိုလီ တိုက်စစ်က အရမ်းကောင်းနေပါတယ်။ တိုက်စစ်မှာ အိုဆင်ဟမ်း မပါဝင်နိုင်ပေမဲ့ ဆီမွန်နီ – ရတ်စပွန်ဒိုရီတို့ကို အစားထိုးလို့ရပါတယ်။ ခံစစ်အပြဲနဲ့ တိုက်စစ်ကောင်းတဲ့ အသင်းနဲ့ တွေတဲ့ဒီပွဲမှာ ဂိုးပေါင်းကြေးဟာ သံသယဖြစ်စရာပါ။ အိုဆင်ဟမ်းမပါတဲ့ အဝေးကွင်းမှာ နာပိုလီကို ဘွတ်ကီတွေ တစ်ဂိုးအနိုင်ပေးပြီး ဂိုးပေါ်စားမယ် ဆိုတဲ့ တစ်ကွက်မှာ ဂိုးအောက်ကို အပိုင်ရိုက်ပါ။ အိပ်နေလိုက်​ပြီး မနက်ငွေထုတ်လိုက်ပါ။

◾ ဘင်ဖီကာ Vs ရီရဲဆိုစီဒက်

ပေါ်တူဂီအမှတ်ပေးပွဲတွေမှာ ရလဒ်ကောင်းနေပေမဲ့ ချန်ပီယံလိဂ်မှာ နှစ်ပွဲဆက်ရှုံးပြီး သွင်းဂိုးတစ်ဂိုးမှမရခဲ့တဲ့ ဘင်ဖီကာဟာ ကစားပုံကောင်း Form ကောင်းနေတဲ့ ဆိုစီဒက်ကို အနိုင်ကန်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ အိမ်ကွင်းမှာ အနိုင်ရဖို့ ကြိုးစားလာနိုင်ပေမဲ့ ဆိုစီဒက်ဖြစ်နေလို့ မလွယ်တာပါ။ ဆိုစီဒက်လူစာရင်းနဲ့ ကစားပုံဟာ တန်းတစ်ခုမှာရှိနေပါတယ်။ ဆိုစီဒက် မရှုံးနိုင်တဲ့ ပွဲပါ။ ဂိုးပေါင်းကြေးအရ ဂိုးတွေအများကြီး မြင်ရဖို့မရှိဘဲ နှစ်အောက်စားမဲ့ ပွဲမျိုးဖြစ်လာမှာပါ။ ဆိုစီဒက်နဲ့ ဂိုးအောက်ထိုင်လိုက်ပါ။

◾ Rc လန်းစ် Vs PSV

အဝေးကွင်းမှာ ဆီဗီလားကို သရေ။ အိမ်ကွင်းမှာ အာဆင်နယ် ကို အနိုင်ကန်ခဲ့တဲ့ ပြင်သစ်ကလပ် လန်းစ်ဟာ နှစ်ပွဲကစား ၄ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဒီပွဲနိုင်လိုက်ရင် အုပ်စုတက်ဖို့ တော်တော်အခြေအနေ ကောင်းတယ်လို့ပြောလို့ရပါတယ်။ ​နယ်သာလန်ကလပ် PSV အနေနဲ့ တိုက်စစ် ဂိုးသွင်းအားရှိနေပေမဲ့ ရလဒ်တွေ အမှတ် လိုအပ်ချက်အရ နိုင်ပွဲတွေ လိုနေပါတယ်။ အိမ်ကွင်းမှာ လန်းစ်ဟာ ဂိုးရဖို့ ဖွင့်ကစားမဲ့ အသင်းပါ။ PSV ကလည်း တိုက်စစ်ကောင်းတဲ့ အသင်းပါ။ ဘော်ဒီကြေးပါးပြီး ဂိုးပေါင်းကြေး ကြမ်းတဲ့ Formula အရ နှစ်ဖက်သွင်းဂိုးတွေ အပြိုင်အဆိုင် ရမဲ့ပွဲပါ။ အနိမ့်ဆုံး တစ်ဖက်တစ်ဂိုးစီရမဲ့ ပွဲမှာ ဂိုးပေါင်း အပေါ်ကို အပိုင်ရိုက်ပြီး သွင်းဂိုးတွေ ထိုင်ကြည့်နေရုံပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *