October 19, 2024

၂၄. ၁၀. ၂၀၂၃
Written By Thandar

မနေ့ညတုန်းက မွေးကင်းစ ချက်ကြိုးတန်းလန်းနဲ့ စွန့်ပစ်ခံထားရတဲ့ ကလေးငယ်ကို ကယ်တင်ခဲ့တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ မွေးကင်းစကလေးငယ်တွေကို စွန့်ပစ်ထားတာတွေ့ရင် တရားလိုပြုလုပ် တရားစွဲဖို့ ဆုံးဖြတ်ထားတယ်လို့ ဖွင့်ဟလာပါတယ်။

အဆိုပါ မွေးကင်းစသမီး ကလေးငယ်ကို အောက်တိုဘာ ၂၃ ရက် ည ၉ နာရီက မရမ်းကုန်းမြို့နယ် (၈) ရပ်ကွက် မြစပါယ်လမ်းရဲ့ ကားလမ်းဘေးမှာ စွန့်ပစ်ခဲ့ပြီး မြန်မာ့ကြယ်ဖြူပရဟိတအသင်းရဲ့ ဆက်သွယ်လာမှုကြောင့် ခိုင်နှင်းဝေက မွေးစားဖို့ သွားရောက်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-24_15-18-24-768x1024.jpg

“ကလေးကို မြင်မြင်ခြင်း ရင်တွေ တုန်သွားတယ်။ ကလေးကို အချင်း တန်းလန်းနဲ့ ပစ်ထားတာမို့ အရင် တစ်ခါ ကန်တော်ကြီးစောင်းမှာ ကလေးကို အဲဒီလိုပဲပစ်သွားခဲ့တယ်။ ဒါပေမယ့် အသက်က မရှင်ဘူး။ ခွေးဆွဲသွားတာကိုး။ တကယ်တမ်းဆို ဒီကလေးကိုဆိုရင်လည်း ခွေးဆွဲနိုင်တယ်။ ညအချိန်မတော်မို့ ညတွင်းချင်း ကလေး ဆေးရုံတင်ပေးပေမယ့် အသက်မရှင်ဘူး။ ခွေးဆွဲသွားတာမို့လေ။ ကလေးကို မွေးပြီးပြီးချင်း အချင်းတန်း လန်းနဲ့ လမ်းဘေးမှာ စွန့်ပစ်သွားတာဆိုတော့ အရမ်း အသက်အန္တရာယ်များတယ်”လို့ ခိုင်နှင်းဝေက ပြောပါတယ်။

မွေးကင်းစ သမီးငယ်လေးက ၃ ပေါင်ကျော်ရှိသလို လက်သည်မွေးပြီး မိဘဆွေမျိုးသားချင်း တစ်ယောက် ယောက်က စွန့်ပစ်လိုက်တယ်လို့ ယူဆရတယ်လို့ဆိုပါတယ်။ လက်ရှိ ကလေးငယ်ကို ပိုးသတ်ဆေးနဲ့ ကာကွယ်ဆေးထိုးတာလည်း ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-24_15-18-21-768x1024.jpg

“အမသာ အချိန်နောက်ကျရောက်ရင် ကလေးကအသက်ရှင်မှာ မဟုတ်ဘူး။ ကလေးက သေသွားမှာလေ။ အမြန်ပြေးလာပြီး ဆရာဝန်တွေနဲ့ ပြရတာလေ။ အရင်ကလေးလည်း ကြွက် ကိုက်ခံရတာတို့ရှိတယ်။ အမ အထင် သေအောင် ပစ်လိုက်တယ်လို့တော့ ထင်တယ်။ လူမဆန်တာဘဲ။ အစ်မ အရမ်းစိတ်ဆိုးတယ်။ ဒီကလေးကိုတွေ့ပြီးတဲ့နောက် ကလေးတွေ စွန့်ပစ်တာတွေ့ရင် အမ တရားလိုဘက်နေ တရားစွဲဖို့ ဆုံးဖြတ်ထားပြီ။ လူသားတစ်ယောက်အနေနဲ့ ခုလိုလုပ်သင့်တယ်ထင်တယ် ”လို့ သူမကဆက်ပြောပါတယ်။

သရုပ်ဆောင် ခိုင်နှင်းဝေဟာ “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ” တည်ထောင်ပြီး မိဘမဲ့ကလေးတွေ၊ ရင်ခွင်မဲ့ ကလေးငယ် ၈၀ ကျော်လောက်ကိုလည်း ပြုစုစောင့်ရှောက်ပေးလျက်ရှိပါတယ်။ သူမမွေးစားထားတဲ့ ကလေးငယ်တွေကို နို့စို့အရွယ်ရောက်လာတဲ့အထိ ပြုစုပေးပြီး ကျောင်းနေအရွယ်ရောက်ချိန်မှာလည်း ပညာ သင်ကြားပေးနေလျှက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *