October 19, 2024

၂၄. ၁၀. ၂၀၂၃
Written by Nay Moe

ကျောက်ကြီးမြို့မှ စျေးဝယ်၍ ပြန်လာသည့် တူအရီးအား KNU နှင့် PDF များ သ-တ်ဖြတ်ကာ ဖုန်းနှင့်ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ထိုဖြစ်စဥ်မှာ အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်က ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ လပါတ်ကျေးရွာနေ ကိုစိုင်းစိုင်း(ခ)စစ်သွေးကို(၁၈)နှစ်နှင့် ဦးဝင်းရွှေ(၆၅)နှစ်တို့သည် ကျောက်ကြီးမြို့မှ လပါတ်ကျေးရွာသို့ ကျောက်ကြီး-မုန်းကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် ပြန်လာစဉ် လပါတ်ကျေးရွာအနီးအရောက် KNU နှင့် PDF အဖွဲ့ (အင်အားစိစစ်ဆဲ) များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ၎င်းတို့နှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သည်။

ထိုသို့ လုယက်သ-တ်ဖြတ်မှုကြောင့် တူဖြစ်သူ ကိုစိုင်းစိုင်း(ခ)စစ်သွေးကိုတွင် ဦးခေါင်းကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်နှင့် ဦးလေးဖြစ်သူ ဦးဝင်းရွှေတွင် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်တို့ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်ကို တာဝန်ရှိသူများက ရောက်ရှိစစ်ဆေးခဲ့ပြီး နယ်မြေရှင်းလင်းမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *