၂၃. ၁၀. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန် ပြည်ထောင်စု၊ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင်အမတ် မစ်ချ် မက်ကွန်းနယ်လ်က တရုတ်၊ ရုရှားနှင့် အီရန်နိုင်ငံ သုံးနိုင်ငံကို ‘လူဆိုးလူမိုက်များ၏ ဝင်ရိုး’ လို့ အောက်တိုဘာ ၂၃ ရက်မှာ အမည်ဆိုးတပ် ခေါ်ဝေါ်ခဲ့ပါတယ်။
ယနေ့ကမ္ဘာမှာ အာရုံထားစောင့်ကြည့်နေရတဲ့ ယူကရိန်း စစ်ပွဲနဲ့ အစ္စရေး-ဟားမားစ် စစ်ပွဲတွေဖြစ်ပွားနေပြီး အမေရိကန်မှာလည်း ဒီစစ်ပွဲနှစ်ခုအတွင်း မဟာမိတ်တွေကို ဆက်လက်ထောက်ပံဖို့ ညှိနှိုင်းမှုတွေပြုနေကြရတဲ့အချိန်မှာပဲ မက်ကွန်းနယ်လ်က Fox သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းရာမှာ ဒီလို အမည်ဆိုးပေးပြောကြားခဲ့တာပါ။
မက်ကွန်းနယ်လ်က “အမေရိကန်ကို ခြိမ်းခြောက်မှု အခြေအနေတွေကို တုံ့ပြန်ဖို့လိုပြီ။ အီရန်တွေကလည်း အခုဆိုရင် ခြိမ်းခြောက်လာပြီ။ ကမ္ဘာကြီးမှာ ကြီးမားတဲ့အင်အားပြိုင်ဆိုင်မှုဖြစ်လာနေပြီ။ အီရန်ကတော့ အကြမ်းဖက် ဝါဒကို ကမကထပြုပေးသူပဲ။ ဒီတော့ သူက ရုရှားက ယူကရိန်းကို ကျူးကျော်တာကို ထောက်ပံ့ပေးတယ်။ ဂါဇာက ဟားမားစ် တွေ လက်ဘနွန်က ဟစ်ဇ်ဘိုလာတွေကိုအကူအညီပေးနေတယ်။ ခုဆို ဟားမားစ်နဲ့ဟစ်ဇ်ဘိုလာတွေက အစ္စရေးကိုတိုက်ခိုက်နေကြတယ်။ ဒီကမှ ခြိမ်းခြောက်မှုက တစ်ကမ္ဘာလုံး ပြန့်လာတော့မယ်”လို့ ပြောခဲ့ပါတယ်။
သူက သမ္မတ ဂျိုးဘိုင်ဒန်ကို ဒီလိုခြိမ်းခြောက်မှုတွေရှိပေမယ့် အမေရိကန် အနေနဲ့ သူတို့ကိုဆန့်ကျင်ဆောင်ရွက်သွားဖို့နဲ့ ဒါဟာအရေးပေါ်အခြေအနေကိုရောက်နေပြီလို့ ပြောခဲ့ပါတယ်။
Ref; Iran international, Hindustan Times