October 30, 2024

MT News

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာရှိတဲ့ Dallas Executive လေဆိပ်မှာ လေယာဥ်နှစ်စီးတိုက်မိပြီး ခြောက်ဦးသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်း​တွေက ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ နိုဝင်ဘာ ၁၁ ရက်မှာ ကျရောက်တဲ့ Veterans Day အတွက် စနေနေ့ကကျင်းပတဲ့ Wings Over Dallas လေကြောင်းပြပွဲဖြစ်စဥ်မှာ ဒီဖြစ်စဥ်ဖြစ်ခဲ့တာဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့တဲ့ လေယာဥ်နှစ်စီးဟာ မြေပြင်ကနေ သိပ်မဝေးကွာသေးတဲ့ လေထုထဲမှာ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်မှာ တိုက်မိခဲ့တာဖြစ်ပြီး တိုက်မိတဲ့ လေယာဥ်နှစ်စီးဟာ စက္ကန့်ပိုင်းအတွင်း မြေပြင်မှာ မီးလောင်ပေါက်ကွဲသွားတာကို တွေ့ခဲ့ရပါတယ်။

ဖြစ်စဥ်ကို တွေ့မြင်ရတာကတော့ Boering B-17 က ရှေ့ကပျံသန်းနေစဥ်မှာ Bell P 63 King Corbra တိုက်လေယာဥ်က နောက်ကဝင်တိုက်ခဲ့တာဖြစ်ပြီး သေဆုံးသွားသူတွေထဲမှာ အဖွဲ့ဝင်တွေဖြစ်တဲ့ Tarry Barker နဲ့ Len Root တို့ပါဝင်တယ်လို့ မဟာမိတ်လေယာဥ်မှုးများအသင်းက ပြောပါတယ်။

လက်ရှိမှာတော့ လေယာဥ်ပျက်ကျမှုဖြစ်စဥ်ကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး Dallas လေဆိပ်ကိုတော့ ယာယီပိတ်ထားဆဲဖြစ်ပါတယ်။

Ref, Fox News

Movies Credit A Fly Guy’s Cabin Crew Lounge

Leave a Reply

Your email address will not be published. Required fields are marked *