October 19, 2024

၂၄. ၁၀. ၂၀၂၃
Written by Pan Ei

အခုနှစ်ထဲမှာ ထွက်ရှိခဲ့တဲ့ တောင်ကိုရီးယားက အနုပညာရှင်တွေရဲ့ အချစ်ရေးသတင်းတွေထဲမှာ ဟိုးလေးတကျော်ကျော် အဖြစ်ခဲ့ဆုံးလို့ပြောလို့ရတဲ့ Blackpink အဖွဲ့ဝင် Jisoo နဲ့ မင်းသား Ahn Bo Hyun တို့ တွဲနေကြပြီဆိုတဲ့ သတင်းကတော့ ပြီးခဲ့တဲ့ ဩဂုတ်လက ထွက်ရှိခဲ့တာဖြစ်ပြီး အခုအခါမှာတော့ သူတို့နှစ်ဦးသားဟာ လမ်းခွဲလိုက်ကြပြီဖြစ်တယ်လို့ ဒီနေ့မှာ အတည်ပြုလာခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းလုံးမှာ ပရိသတ် သန်းပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ Blackpink အဖွဲ့ဝင် Jisoo နဲ့ နာမည်ကြီး မင်းသား Ahn Bo Hyun တို့ ကြယ်ပွင့်နှစ်ဦးဟာ များပြားလွန်းတဲ့ အချိန်ဇယားတွေကြောင့်နဲ့ မအားလပ်တာကြောင့် မကြာသေးမီက လမ်းခွဲခဲ့တာ ဖြစ်တယ်လို့ သိရပြီး ဒီသတင်းကို တုံ့ပြန်တဲ့အနေနဲ့ Blackpink ရဲ့အေဂျင်စီ YG Entertainment က “Jisoo နဲ့ Ahn Bo Hyun တို့ လမ်းခွဲခဲ့တာမှန်ပါတယ်” လို့ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

သူတို့နှစ်ဦး တွဲနေကြတယ်ဆိုတဲ့ သတင်းကိုတော့ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက Dispatch ကနေ Jisoo ရဲ့အိမ်မှာ တွေ့ဆုံပြီး ပြန်ထွက်လာတဲ့ ကြယ်ပွင့်နှစ်ယောက်ရဲ့ ဓာတ်ပုံတွေကို မျှဝေပြီး ထုတ်ပြန်ခဲ့ရာကနေ နှစ်ဖက် အေဂျင်စီတွေကနေ အတည်ပြုခဲ့တာဖြစ်ပါတယ်။

အခုအခါမှာတော့ ကြယ်ပွင့်နှစ်ဦးရဲ့ လမ်းခွဲလိုက်ကြပြီဆိုတဲ့ သတင်းအပေါ် ဝမ်းနည်းပေးနေကြတဲ့ ပရိသတ်တွေရှိသလို ဝမ်းသာနေတဲ့ ပရိသတ်တွေလည်း ရှိနေပါတယ်။

Ref; Soompi

Leave a Reply

Your email address will not be published. Required fields are marked *