October 19, 2024

၂၄. ၁၀. ၂၀၂၃
Written By Thandar

မင်းသားပိုင်တံခွန်နဲ့ ခွေးလေးတစ်ကောင်ပုံလေးကတစ်ဆင့် ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေတဲ့ “ကံကောင်း” ရုပ်ရှင်ဇာတ်ကားကြီးကို ပြည်တွင်းစျေးကွက်သာမက ပြည်ပနိုင်ငံစျေးကွက် အထိ ထိုးဖောက်နိုင်ဖို့ ရည်ရွယ်ထားသလို ရုပ်ရှင်အတွက် Develop ပိုဖြစ်လာမလားလို့ ပိုပြီး စိတ်လှုပ်ရှားပါတယ်လို့ ဒါရိုက်တာ ဝင်းလွင်ထက်က MTNews Entertainment ကို ပြောပါတယ်။

“ပိုင်တံခွန်ကိုတော့ အရှင်ဆန္ဒဆိုတဲ့ ဦးပဥ္ဇင်းနေရာမှာ ရွေးချယ်ဖြစ်တာက ဒီကားမရိုက်ခင်ထဲက ဒီနှစ်ဆန်းပိုင်းမှာ တံခွန်ကို စကားပြောကြည့်တော့ စိတ်ဝင်စားတယ်။ Main Character က သူနဲ့လည်းလိုက်တယ်။ တိရစ္ဆာန်လေးတွေကို သူကလည်း ချစ်တတ်တာကိုး။ နောက်တစ်ချက်က ဒီဇာတ်ကား ရည်ရွယ်ချက်မှာလည်း မြန်မာပြည်သာမဟုတ်ဘဲ တခြားနိုင်ငံတွေ ပြသဖို့ရှိတယ်။ ဒီအတွက် တံခွန်ကလည်း နိုင်ငံတကာမှာ သူ့ရဲ့ ပရိသတ်တွေရှိတယ်ဆိုတော့ ရိုက်ဖြစ်ခဲ့တာပါ”လို့ ဒါရိုက်တာ အကယ်ဒမီ ဝင်းလွင်ထက်က MTNews Entertainment ကိုပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-24_13-14-18-682x1024.jpg

မြန်မာ့ရုပ်ရှင် ခေတ်ရေစီးကြောင်းရဲ့ သမိုင်းမှာ မြင်တွေ့နေကျ ဇာတ်လမ်းဇာတ်အိမ်မဟုတ်ဘဲ ရဟန်းတစ်ပါးနဲ့ တိရစ္ဆာန်လေးတစ်ကောင်ရဲ့ သံယောဇဉ်ကို အခြေခံတည်ထားတဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ၂၀၂၃ ခုနှစ် မတ်လက စတင်ပြီး ရွာငံ ၊ ကလော ၊ အောင်ပန်း ၊ ပင်းတယ ၊ ဟဲဟိုး တို့ဘက်မှာ တစ်လကျော်ကြာ ဒါရိုက်တာ ဝင်းလွင်ထက်က အကောင်းဆုံးပုံဖော် ရိုက်ကူးခဲ့တယ်လို့ သိရပြီး သရုပ်ဆောင်တွေအဖြစ် ပိုင်တံခွန် ၊ သူထူးစံ၊ နေထွဋ် ၊ ခင်ဇာခြည်ကျော် တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-24_13-14-22.jpg

“ကျွန်တော်အနေနဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားရိုက်ချင်တယ်။ ဘယ်လိုရိုက်ရင် ကောင်းမလဲ စဉ်းစားရင်းနဲ့ အိမ်မှာ ကျွန်တော်သားလေး(ခ)ခွေးလေး ရှိတယ်။ ဒီကနေစတင်ပြီး စိတ်ကူးရလာပြီး ရိုက်ဖြစ်ခဲ့တာပါ။ ကာရိုက်တာ ဇာတ်အရကတော့ ဦးပဥ္ဇင်းတစ်ပါး အရှင်ဆန္ဒနဲ့ ကံကောင်းဆိုတဲ့ ခွေးလေး နှစ်ယောက်ကြားပေါ့။ အဓိက ဇာတ်လမ်းက သံယောဇဉ်ကို အခြေခံထားတဲ့ ဇာတ်လမ်းမျိုးပါ။ ကျွန်တော် ရိုက်ချင်တဲ့ ဇာတ်ကားမျိုးပါ။ မြန်မာ့ ရုပ်ရှင်သမိုင်းမှာ မရှိသေးတဲ့ ဇာတ်လေးပါ။ ထူးခြားတဲ့ ဇာတ်လမ်းလေးပါ။ ပရိသတ်မြင်နေကျမဟုတ်တဲ့ Tease ခံစားရမယ်ထင်ပါတယ်။ တခြားဇာတ်ကားတွေထက် ဒီဇာတ်ကားက နိုင်ငံတကာကို ခြေဆန့်မယ့် ဇာတ်ကားမို့ ရင်ခုန်စိတ်လှုပ်ရှားပါတယ်။ ဒီဇာတ်ကားက ရုပ်ရှင်ရဲ့ အနှစ်သာရကို ခံစားရမှာပါ။ ဒီဇာတ်ကားကို ပရိသတ်တွေ အားပေးကြရင် ကျွန်တော်တို့ ရုပ်ရှင်အတွက် Develop ပိုဖြစ်လာမလားလို့ ပိုပြီး စိတ်လှုပ်ရှားပါတယ် ”လို့ သူကဆက်ပြောပါတယ်။

“ကံကောင်း” ရုပ်ရှင်ဇာတ်ကားကို လာမယ့် နိုဝင်ဘာ ၁၇ ရက်မှာ မြန်မာနိုင်ငံရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေအပြင် ယိုးဒယား ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံတွေနဲ့ အခြားနိုင်ငံတွေမှာလည်း တစ်ပြိုင်တည်း ပြသနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-24_13-14-20.jpg

ဒါရိုက်တာ အကယ်ဒမီ ဝင်းလွင်ထက်ဟာ Box.No 88, Only You, အမှတ်တရနွေ, ရင်ထဲကဒဏ္ဌာရီ စတဲ့ ဇာတ်လမ်းတွဲများစွာ ရိုက်ကူးထားသူလည်းဖြစ်ပြီး ၂၀၁၈ ခုနှစ်က မုန်းစွဲ ရုပ်ရှင်ဇာတ်ကားနဲ့ ရုပ်ရှင်ဓာတ်ပုံဆုနဲ့ အကယ်ဒမီ ရရှိထားသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *