October 19, 2024

၂၄. ၁၀. ၂၀၂၃
Written by Pan Ei

မက္ကဆီကိုနိုင်ငံတောင်ပိုင်း ဂွာရီရိုပြည်နယ်မှာ တနင်္လာနေ့ (အောက်တိုဘာ ၂၃ ရက်)က မူးယစ်ဆေးဝါးဂိုဏ်းတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ ဒေသမှာ အကြမ်းဖက် ခြုံခိုတိုက်ခိုက်တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံရဲ အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့တယ်လို့ ပြည်နယ်အစိုးရ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ Coyuca de Benitez ဒေသဆိုင်ရာ လုံခြုံရေးအကြီးအကဲတစ်ဦးလည်း ပါဝင်ခဲ့ကြောင်း အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်က ပြောကြားခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-24_13-03-43-1024x682.jpg

တနင်္လာနေ့နှောင်းပိုင်းက ထုတ်ပြန်ချက်တစ်ခုမှာ ပြည်နယ်တာဝန်ရှိသူတွေက ရေတပ်နဲ့ အမျိုးသားအစောင့်တပ်တွေ အပါအဝင် ဧရိယာအတွင်း လုံခြုံရေးကို တိုးမြှင့်ထားမယ်လို့ ပြောကြားခဲ့ပေမဲ့ ရဲတပ်ဖွဲ့ဝင် ဘယ်လောက်သေဆုံးခဲ့တယ်ဆိုတာကိုတော့ ပြောကြားထားတာ မရှိသလို သေနတ်သမားဦးရေ ဘယ်လောက်ရှိသလဲဆိုတာနဲ့ ဖမ်းဆီးရမိခြင်း ရှိမရှိကိုလည်း မထုတ်ပြန်သေးပါဘူး။

ခြုံခိုတိုက်ခိုက်ခြင်းဖြစ်စဉ် မဖြစ်ပွားမီမှာ နယ်မြေအတွင်း သေနတ်ပစ်ခတ်မှုဖြစ်စဉ်ကို တုံ့ပြန်ဖို့ အေးဂျင့်တွေကို စေလွှတ်ထားတာဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောကြားခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-24_13-03-47.jpg

အမြတ်အစွန်းများတဲ့ ဘိန်းကုန်သွယ်မှုကို ထိန်းချုပ်ဖို့နဲ့ တခြားသော မှောင်ခိုလမ်းကြောင်းတွေအတွက် ရာဇ၀တ်ဂိုဏ်းတွေ တိုးပွားလာတာကြောင့် ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ဂွာရီရိုမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာခဲ့တာပါ။

အခုနှစ် ပထမကိုးလအတွင်းမှာ ပြည်နယ်အတွင်း လူပေါင်း ၁၁၀၀ နီးပါး သ-တ်ဖြတ်ခံခဲ့ရပြီး အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် လေးပုံတစ်ပုံနီးပါး မြင့်တက်လာခဲ့တာဖြစ်တယ်လို့ တရားဝင်အချက်အလက်တွေအရ သိရပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *