October 19, 2024

၂၄. ၁၀. ၂၀၂၃
Written by Nyein Kyaw

ပြည်ပနိုင်ငံများက ၎င်းတို့၏ ယဉ်ကျေးမှုများဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတို့ကို လွှမ်းမိုးခြယ်လှယ်ရန် ကြိုးပမ်းမှုများရှိနေသဖြင့် လူငယ်များ အတွေးအခေါ် အယူအဆများ မမှားစေရေး ဝိုင်းဝန်းကူညီအားထုတ်ပေးကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

“နည်းပညာတိုးတက်ပြောင်းလဲမှုတွေကို အမှီပြုပြီး ထိုးဖောက်ဝင်‌ရောက်လာတဲ့ တိုင်းတပါးယဉ်ကျေးမှုတွေနဲ့ တိုင်းတပါးက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ လွှမ်းမိုးခြယ်လှယ်ဖို့ ကြိုပမ်းမှုတွေဟာ ယခင်ခေတ်ကာလမှာ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေတာကိုလည်း သတိပြုကြရမှာဖြစ်ပါတယ်။ ဒါတွေကြောင့် နုနယ်တဲ့လူငယ်လူရွယ်တွေ အတွေးအခေါ်အယူအဆတွေမှားပြီး လမ်းမှားကို မရောက်သွားရလေအောင် မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်တန်ဖိုးထားတက်စေဖို့၊ မြန်မာ့ယဉ်ကျေးမှု လမ်းကြောင်းမှန်ကို လျှောက်လှမ်းနိုင်ဖို့ အဖက်ဖက်က ဝိုင်းဝန်းကူညီအားထုတ်ပေးကြပါလို့ အားလုံးကိုလည်း အလေးထား မှာကြားလိုပါတယ်” SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

This image has an empty alt attribute; its file name is photo_2023-10-24_12-12-22-1024x682.jpg

မြန်မာတို့၏ ထူးခြားမြင့်မြတ်သည့် အစဉ်အလာများနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် ထွန်းတောက်ရေး နိုင်ငံတကာအလယ်တွင်လည်း မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဟု ဝံ့ဝံ့ထည်ထည် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိ မြဲမြန်စွာနှင့် မြန်မာ့အမျိုးသားယဉ်ကျေးမှုကို ဆက်လက်မြှင့်တင်ထိန်းသိမ်းသွားကြရန် SAC ဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင်အမျိုးသားရေး စရိုက်လက္ခဏာများ ကမ္ဘာ့အလယ်တွင် တင့်တယ်စွာ ဆက်လက်ရှင်သန်စေရေးအတွက် အနုပညာစွမ်းအားနှင့် ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် တိုင်းတစ်ပါးယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာမှု အန္တရာယ်ကို ခုခံကာကွယ်နိုင်ရန်၊ အဘိုးအဘွားတို့၏ ယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်းအမွေဆက်ခံမည့် မျိုးဆက်သစ်လူငယ်များ၊ အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံအားခိုင်မာလာစေရန် အနုပညာစွမ်းအားနှင့် ကြိုးပမ်းဆောင်ရွက်ပေးကြရန် SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *