October 19, 2024

၂၄. ၁၀. ၂၀၂၃
Written By Thandar

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ ကျင်းပနေတဲ့ ၁၁ ကြိမ်မြောက် Miss Grand International 2023 အလှမယ်ပြိုင်ပွဲကြီးမှာ Top 10 ဝင်ရောက်ဖို့အတွက် Miss Popular Vote ပေးဖို့ မြန်မာကိုယ်စားပြုအလှမယ် နီနီလင်းအိမ်က တောင်းဆိုလာပါတယ်။

“လက်ရှိ နီနီတို့ Final ပွဲလာဖို့ တစ်ရက်ပဲ လိုတော့တယ်။ နီနီတို့ရဲ့ Miss Popular Vote ကို Vote ပေးဖို့ လိုအပ်ပါတယ်။ Miss Popular Vote ကို Vote ရင် နီနီ Top 10 စာရင်းကို တိုက်ရိုက်ဝင်မှာလည်း ဖြစ်ပါတယ်။ Miss Popular Vote ကို Vote မယ်ဆိုရင် 1 Vote 1Dollor ကျမှာဖြစ်ပါတယ်။ နီနီတို့ရဲ့ Voting က မနက်ဖြန် အောက်တိုဘာ ၂၅ ရက် ည ၈ နာရီမှာ Voting စပိတ်မှာ ဖြစ်ပါတယ်။ နီနီကို ချစ်ခင်အားပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။ မြန်မာကို ချစ်တဲ့အတွက် မြန်မာကို Support ပေးပါလို့ ပြောချင်ပါတယ်”လို့ Miss Grand Myanmar 2023 အလှမယ် နီနီလင်းအိမ်က ပြောပါတယ်။

This image has an empty alt attribute; its file name is 2-15-824x1024.jpg

လက်ရှိအချိန်မှာ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် နီနီလင်းအိမ် အစွမ်းကုန် ကြိုးစားယှဥ်ပြိုင်နေတာကိုလည်း ပြည်ပနိုင်ငံတချို့က ပရိသတ်တွေကလည်း အဖွဲ့လိုက်ရော တစ်ယောက်ဆီပါ ခွန်အားဖြစ်စေတဲ့ ရုပ်သံဗီဒီယိုဖိုင်တွေ ပေးပို့နေကြတာလည်း ရှိပါတယ်။

ဗီယက်နမ် အလှမယ်က မဲအများနဲ့ အသာရတာဖြစ်တဲ့အတွက် မြန်မာကိုယ်စားပြုအလှမယ် နီနီလင်းအိမ်ကို Vote ပေးအပ်ကြဖို့ အထူးလိုအပ်တာ ဖြစ်ပါတယ်။ Country’s Power of the Year Final Round မှာ မြန်မာအလှမယ် နီနီလင်းအိမ်နဲ့ ဗီယက်နမ် အလှမယ် Le Hoang Phuong နှစ်ဦး ယှဥ်ပြိုင်နေတာ ဖြစ်ပြီး အလှမယ်နှစ်ဦးထဲက တစ်ဦးကို ရွေးချယ်မှာဖြစ်ပါတယ်။ Miss Grand International 2023 ပြိုင်ပွဲရဲ့ Top 20 စာရင်းကို အလိုအလျှောက် တက်ရောက်ခွင့်ရှိမှာ ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is 3-15.jpg

ပရိသတ်စိတ်ဝင်စားမှုတွေ မြင့်တက်နေတဲ့ Miss Grand International 2023 အလှမယ်ပြိုင်ပွဲကြီးရဲ့ Grand Final ကိုတော့ အောက်တိုဘာ ၂၅ ရက်နေ့မှာ ဖိလစ်ပိုင် ၊ အင်ဒိုနီးရှား ၊ ထိုင်း ၊ စပိန် ၊ ကနေဒါ အပါအဝင် နိုင်ငံပေါင်း ၈၀ နီးပါးက အလှမယ်တွေနဲ့အတူ အကြိတ်အနယ် ယှဥ်ပြိုင်ရမှာ ဖြစ်ပါတယ်။

သူမရဲ့ National Costume ဝတ်စုံကလည်း အချိန် ၄ လကျော် အချိန်ယူပြင်ဆင်ထားသလို ကျပ်သိန်းထောင်ကျော် တန်ဖိုးရှိတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် အလှမယ် နီနီလင်းအိမ်ရဲ့ MGI Evening Gown အတွက်လည်း တစ်လကျော်အချိန်ယူထားတဲ့ ဇာမဏီပုံစံဟာလည်း ကိုလံယီယာက မြရဲ့ အရောင်အစိမ်းကို အခြေခံဖန်တီးထားပြီး ကျပ်သိန်း ၁၂၅၀ ကျော် နဲ့ ၁၃၀၀ ဝန်းကျင် လောက် အကုန်အကျခံထားတဲ့ ဝတ်စုံက်ု ဝတ်ဆင်ပြသခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *