October 19, 2024

၂၄. ၁၀. ၂၀၂၃
Written by Pan Ei

ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ တနင်္လာနေ့ (အောက်တိုဘာ ၂၃ ရက်) က ရထားနှစ်စင်း တိုက်မိမှုကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အရှေ့ပိုင်း ဘိုင်ရတ်မြို့မှာ ကုန်တင်ရထားတစ်စီးဟာ လမ်းလွဲသွားပြီး ဆန့်ကျင်ဘက်ကလာနေတဲ့ ခရီးသည်တင်ရထားကို ဝင်တိုက်မိကာ အဆိုပါ ရထားနှစ်စင်း လမ်းချော်သွားခဲ့ခြင်းဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-24_11-27-40.jpg

“ကျွန်တော်တို့ ရုပ်အလောင်း ၁၇ လောင်းကို ရှာဖွေတွေ့ရှိထားပါတယ်။ လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်” လို့ ဘိုင်ရတ်မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Sadiqur Rahman က ပြောကြားခဲ့ပြီး သေဆုံးသူဦးရေကလည်း တိုးလာနိုင်ကြောင်း သိရသလို ပျက်စီးနေတဲ့ရထားတွဲတွေအောက်မှာ ပိတ်မိနေတဲ့ ရုပ်အလောင်းတွေကို မြင်တွေ့နေရဆဲဖြစ်ကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အဆိုပါမတော်တဆမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု နှစ်ကြိမ်ပြုလုပ်ဖို့ အမိန့်ပေးထားပြီး စေတနာ့ဝန်ထမ်းတွေကလည်း သွေးလှူဒါန်းဖို့အတွက် မေတ္တာရပ်ခံမှုတွေ ပြုလုပ်ထားပါတယ်။

ရထားမတော်တဆမှုတွေဟာ ဘင်္ဂလားဒေ့ရှ်မှာ အဖြစ်များပြီး အချက်ပြမှု ညံ့ဖျင်းတာ၊ ပေါ့ဆမှုများတာ၊ လမ်းဟောင်းတွေကြောင့်နဲ့ တခြားသော အခြေခံအဆောက်အဦတွေကြောင့် မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

Ref; AFP

Leave a Reply

Your email address will not be published. Required fields are marked *