၂၃. ၁၀. ၂၀၂၃
Written by Thettant
NUG က Facebook မှာ ဖွင့်လှစ်ထားတဲ့ Ministry of Defence – National Unity Government Page ဟာ ဒီနေ့ မြန်မာစံတော်ချိန် ၃ နာရီဝန်းကျင်မှာ ဟက်ခံရပြီး အမျိုးသမီးပုံ ချိန်းခံခဲ့ရပါတယ်။
Like 405 K နဲ့ Followers 537 K ရှိတဲ့ အဲဒီ Page ကို Sangita အမည်နဲ့ အမျိုးသမီးတစ်ယောက်က အပေါ်ပိုင်းမှာ ဘယာစီရာနဲ့ လက်မြှောက်နေတဲ့ပုံနဲ့ ချိန်းသွားတာဖြစ်ပြီး Page Hack ပုံချိန်းခံရပြီး ၄၅ မိနစ်လောက်အကြာမှာတော့ NUG ဘက်က ပြန်လည်ရယူသွားခဲ့ပါတယ်။
ဒီလိုမျိုး NUG Page အဟက်ခံရတာကို အမြန်ပြန်ယူနိုင်လို့ ချီးကျုးခဲ့သူတွေရှိသလို Phyo Gyi ဆိုတဲ့ အကောင့်တစ်ခုကတော့ “မူးမူးရူးရူးနဲ့ တင်မိ ဟဟ” လို့ လှောင်ပြောင်ခဲ့ပါတယ်။