October 19, 2024

၂၃. ၁၀. ၂၀၂၃
Written By Thandar

နာမည်ကြီးအဆိုတော်တွေ ပါဝင်‌တင်ဆက်မယ့် အကြည်တော်ရဲ့ “ဖြူစင်ခြင်း Tribute Show” ကို လာမယ့် နိုဝင်ဘာ ၉ ရက် ညနေ ၆ နာရီခွဲမှာ ရန်ကုန်မြို့ တာမွေမြို့နယ် Sky Star Hotel မှာ ကျင်းပမှာဖြစ်ပြီး အဆိုပါ စာနယ်ဇင်း မိတ်ဆက်ပွဲကို ယနေ့ အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၁ နာ ရီက ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ ၃၉ ရပ်ကွက်ရှိ Café Pentagon မှာ ကျင်းပခဲ့ပါတယ်။

“ဖြူစင်ခြင်း။ ဆရာအကြည်တော်ရဲ့ အနုပညာဘဝအစမှာ ဖန်တီးရေးသားခဲ့တဲ့ သီချင်းလေးတစ်ပုဒ်။ ဒီသီချင်းလေးက ဖန်တီးခဲ့သူ ဆရာ အကြည်တော်ရဲ့ အရေးကြီးတဲ့ အမှတ်တရ အပိုင်းအစလေး တခုဆိုရင်လည်းမမှားပါဘူး။ ဒါကြောင့်မို့ Title လေးပေးဖြစ်တာပါ “လို့ အကယ်ဒမီ ဓိရာမိုရ်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-23_15-55-01-2-818x1024.jpg

အဆိုပါ ဖျော်ဖြေပွဲမှာ အဆိုတော် ဝေလ ၊ အောင်ထက် ၊ အရိုး ၊ ဓိရာမိုရ် စသူတို့က သီချင်းအပုဒ် ၂၅ ပုဒ် ပါဝင်သီဆိုကြမှာဖြစ်ပြီးတော့ Tribute Show ပွဲမှာ “ ဖြူစင်ခြင်း” သီချင်းလေးကို Title Song အနေနဲ့ ဂုဏ်ပြုသီဆို ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

အ‌ကြည်တော် ကွန်လွန်ခြင်း တစ်နှစ်ပြည့်အနေနဲ့ အကိုဖြစ်သူ ကိုဆန်းက စာအုပ်ထွက်ရှိမှာလည်းဖြစ်ပါတယ်။ ဖျော်‌ဖြေပွဲလက်မှတ်တွေကိုလူဦးရေ ကန့်သတ်ထားပြီး ကျပ် ၃ သောင်း နဲ့ ကျပ် ၅ သောင်းနှုန်းနဲ့ ရောင်းချမှာဖြစ်ပါတယ် ။လက်မှတ်ရောင်းရငွေအကျိုး အမြတ်တွေကို အကြည်တော် စာကြည်တိုက်အတွက် ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-23_15-55-05-1024x768.jpg

“နေ့လည် ၁ နာရီကစပြီး ပန်းချီတွေပြမယ်။ စာအုပ်တွေ စတာတွေကို ကိုဆန်းက တင်ဆက်မှာပါ။ ကျွန်တော်တို့ ဒီပွဲကို အပျော်သဘော ဖန်တီးကြတာ မဟုတ်ဘဲ တန်ဖိုးထားပြီး ဂုဏ်ပြုတဲ့ပွဲပါ။ မေ့မေ့ပျောက်ပျောက်ဖြစ်မသွားစေချင်လို့ အမှတ်တရစာအုပ်လည်း ထုတ်ဖို့ စီစဉ်နေပါတယ်” လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *