October 19, 2024

၂၃.၁၀.၂၀၂၃.
Translated by Htwe Ko Tun

အစ္စရေးစစ်တပ်က ဂါဇာဒေသအနီး တပ်ချထားတဲ့ တင့်ကားတွေထဲကတစ်စီးဟာ အောက်တိုဘာ ၂၂ ရက်က မတော် တဆ ပစ်ခတ်မိခဲ့တာကြောင့် ဂါဇာနယ်စပ်အနီးက အီဂျစ်စစ်တပ်စခန်းတစ်ခုကို ထိမှန်ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ခဲ့သလို အီဂျစ်စစ်ဘက်ကလည်း ဒီမတော်တဆပစ်ခတ်မိမှုကြောင့် အစ္စရေးစစ်ဘက်က တောင်းပန်ခဲ့ကြောင်း ပြောခဲ့ပါတယ်။

အီဂျစ်စစ်ဘက်က အဆိုပါထိမှန်မှုကြောင့် အသေးစားထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့ကြောင်း ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။ အစ္စရေးစစ်ဘက်ကလည်း ကာရင်ရှာလမ် နယ်မြေအနီး ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်အတွက် အထူး ဝမ်းနည်းမိပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ကြေညာချက်မှာဖော်ပြခဲ့ပါတယ်။

မျက်မြင်တွေ့ရှိသူတွေရဲ့ပြောကြားချက်အရ အီဂျစ်နယ်ခြားစောင့်တပ်ဖွဲ့ဝင် ခုနှစ်ဦး ဒဏ်ရာရခဲ့ပြီး သူတို့ကို ဆေးရုံသို့ သူနာတင်ကားတွေနဲ့ လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အီဂျစ်စစ်ဘက်က အဆိုပါ အစ္စရေးတင့်ကားရဲ့ မတော်တဆ ပစ်ခတ်မိမှုကြောင့် အောက်တိုဘာ ၂၂ ရက်ကစပြီး ဂါဇာဒေသအတွင်း ရာဖာနယ်စပ်ဂိတ်မှ စတင်ဝင်ရောက်ခွင့်ရနေတဲ့ လူသားချင်းစာနာမှု အထောက်အပံ့ကားတွေကို ထိခိုက်စေမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

Ref—-Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *