October 19, 2024

၂၃. ၁၀. ၂၀၂၃
Written By Treasure

အခုနှစ်ရာသီကမှ မလေးရှားစူပါလိဂ်ကလပ် ပီနန်းအသင်းကို ပြောင်းရွှေ့ကစားနေတဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ နောက်ခံကစားသမားဟောင်း ဇော်မင်းထွန်းကို ဆောင်းရာသီ အပြောင်းအရွှေ့ကာလအတွက် ထိုင်းလိဂ်(၁) ကလပ်အသင်းနဲ့ အင်ဒိုနီးရှားလိဂ် ဒုတိယတန်း ကလပ်အသင်းကနေ ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းမှုတွေပြုလုပ်လာတယ်လို့ ဇော်မင်းထွန်းရဲ့ အေးဂျင့်ဖြစ်သူထံမှ သိရပါတယ်။

နောက်ခံလူ ဇော်မင်းထွန်းရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်ပေးနေတဲ့ မြန်မာစပါယ်ရှယ်အေဂျင်စီက လာမယ့် ဆောင်းရာသီ အပြောင်းအရွေ့အတွက် ကမ်းလှမ်းမှုတွေရှိလာပြီဖြစ်ပါတယ်။ လက်ရှိ သူကစားနေတဲ့ ပီနန်းအသင်းကလည်း ပလေယာကို ရာသီသစ်အတွက် Initrate လုပ်နေပြီ ဖြစ်ပါတယ်။ ထိုင်းလိဂ်(၁)ကလပ် နခွန်ပသွန်နဲ့တော့ Terms and conditions သဘောတူထားပြီ ဖြစ်ပါတယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

This image has an empty alt attribute; its file name is 7-7-1024x683.jpg

အဲ့ဒါအပြင် ဇော်မင်းထွန်းကို အင်ဒိုနီးရှားလိဂ် ဒုတိယတန်းမှာ ချန်ပီယံဖြစ်ဖို့ အလားအလာ‌အကောင်းဆုံး ဖြစ်နေတဲ့ အသင်းတစ်သင်းက ပီနန်းအသင်းမှာ ဇော်မင်းထွန်းရရှိတဲ့ လစာခံစားခွင့်အတိုင်း လစာ၊ ဘောနပ်စ်၊ အိမ်၊ ကားတို့နဲ့ ကမ်းလှမ်းတာ ဖြစ်ပေမယ့် ဇော်မင်းထွန်းအနေနဲ့ သူရဲ့ ကစားပုံအရ ဒုတိယတန်းမှာ ပြန်ဆင်းကန်ဖို့ မလိုအပ်တာကြောင့် အေးဂျင့်ဖြစ်သူက ကမ်းလှမ်းမှုကို ငြင်းဆိုထားတယ်လို့ သိရပါတယ်။

အသက် ၃၁ နှစ်အရွယ် နောက်ခံလူဇော်မင်းထွန်းဟာ မြန်မာလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ မကွေး၊ ရတနာပုံ၊ ရန်ကုန်အသင်းတွေမှာ ကျင်လည်ခဲ့ဖူးပြီး ၂၀၁၉ ခုနှစ်မှာ ထိုင်းလိဂ် (၁) ကလပ် ချောင်ဘူရီအသင်းကို ပြောင်းရွေ့ကစားခဲ့သလို ဆူကိုထိုင်းအသင်း၊ ထရတ်အသင်းတွေမှာလည်း ကစားခဲ့ပြီး ၂၀၂၂ ခုနှစ်ရာသီမှာတော့ အသင်းဟောင်း ချောင်ဘူရီအသင်းကို တစ်ရာသီစာချုပ်နဲ့ ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ချောင်ဘူရီအသင်းနဲ့ စာချုပ်ကုန်ဆုံးချိန်မှာတော့ ‌ဇော်မင်းထွန်းဟာ မလေးရှားစူပါလိဂ်ကလပ် ပီနန်းအသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *