October 19, 2024

၂. ၁၀. ၂၀၂၃

Written by Nay Aung

မလေးရှားနိုင်ငံ ပါဟန်ပြည်နယ် ဂျာလန်အန်ဂါရစ်အရပ်ဒေသမှ စီမံကိန်းနေရာတစ်ခုရှိ အခန်းငယ်အတွင်းနေထိုင်အလုပ်လုပ်နေသော မြန်မာနိုင်ငံသား သုံးဦးသည် အစာအဆိပ်သင့်ကာ ပြီးခဲ့သောရက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း ပါဟန်ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးကြီး ဒါတွတ်ဆာရီ ယာဟာယာ အော့မန်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အစာအဆိပ်သင့်ကာ သေဆုံးသူများသည် မြန်မာနိုင်ငံသားများဖြစ်ကာ အသက် ၂၁ နှစ်နှင့် ၃၃နှစ်အရွယ်ကြားရှိကြောင်း ရဲမှူးကြီး အော့မန်က ထုတ်ဖော်ပြောဆိုခဲ့​သော်လည်း အမည်များကို ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း သိရသည်။

ရဲမှူးကြီးအော့မန်က ” ကျွန်တော်တို့ဟာ သတင်းရရှိချိန်မှာ သွားရောက်စစ်ဆေးခဲ့တယ်။ သေဆုံးနေတဲ့ မြန်မာနိုင်ငံသားသုံးဦးရဲ့ခန္ဓာကိုယ်ကို စစ်ဆေးချိန်မှာ ရာဇဝတ်မှုဖြစ်စေတဲ့ တိုက်ခိုက်မှုမျိုးမတွေ့ရဘူး”ဟု ပြောသည်။

ထို့အတွက်ကြောင့် မြန်မာနိုင်ငံသားသုံးဦး၏ ရုပ်အလောင်းကို ရွမ်ပင်ဆေးရုံသို့တင်ပို့စစ်ဆေးခဲ့ရာ အစာအဆိပ်သင့်ကာသေဆုံးခဲ့ခြင်းမျိုးဖြစ်သည့်အချက်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ သို့သော်လည်း သေဆုံးသူများကို ဓာတုဗေဒဆိုင်ရာ အသေးစိတ်စမ်းသပ်စစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။ အဆိုပါအမှုကိုလက်ရှိအချိန်တွင် ရုတ်တရက်သေဆုံးမှုအဖြစ်သတ်မှတ်ထားပြီး အသေးစိတ်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်းပြောသည်။

ပါဟန်ပြည်နယ်သည် မလေးရှားနိုင်ငံရှိပြည်နယ်များထဲတွင် အကြီးဆုံးပြည်နယ်တစ်ခုဖြစ်ပြီး ကမ်းခြေ၊ သဲဖြူများ ဒီရေတော၊ ကမ်းခြေနှင့်တောတောင်များ ရှိနေကြောင်း သိရသည်။

Ref; Bernama

Leave a Reply

Your email address will not be published. Required fields are marked *