October 19, 2024

၂၁. ၁၀.၂၀၂၃

written by KL

ကချင်ပြည်နယ် ဝိုင်းမော်မြို့ ရှငေါ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ဆောက်လုပ်ရေးပစ္စည်းများ တင်ဆောင်လာသည့် ၁၂ ဘီးယာဥ် တိမ်းမှောက်မှုကြောင့် လူ ၇ ဦးသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဖြစ်စဥ်မှာ အောက်တိုဘာ ၁၉ ရက်မှာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အလုပ်သမား ၃၇ ဦးခန့် လိုက်ပါလာသည့် ချီဖွေမြို့တွင် ဆောက်လုပ်ရေးလုပ်ဆောင်ရန်အတွက် ဆောက်လုပ်ရေးပစ္စည်းများ တင်ဆောင်လာသော ၁၂ ဘီးယာဥ်မှာ အရှိန်လွန် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is 391714672_122129177990030934_8590802244157526283_n.jpg

ယာဥ်တိမ်းမှောက်မှုကြောင့် ကားအောက်တွင် ညပ်နေသူများလည်းရှိနေရာ အောက်တိုဘာ ၂၀ရက်နေ့အထိ လူ ၇ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ၂၅ ဦးရှိကြောင်း လူနာများကယ်ထုတ်ခဲ့သော လူမှုကူညီရေးအသင်းထံမှ သိရသည်။

“သေဆုံးသူအများစုက အမျိုးသားတွေပါ နောက်ဆုံးညပ်ပြီး ကျန်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကိုတော့ အောက်တိုဘာ ၂၀ရက် နေ့လယ်ပိုင်းက ဆွဲထုတ်နိုင်ခဲ့ပါတယ်”မြင့်မြတ်စေတနာလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးကပြောသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများကို မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *