October 19, 2024

၂၂. ၁၀. ၂၀၂၃

Written by Peya

မန္တလေး – ပြင်ဦးလွင် ကားလမ်း ၁၈ မိုင် ၁ ဖာလုံတွင် ကားတစ်စီးချောက်ထဲကျပြီး အော်ဟစ်အကူအညီတောင်းသံကြောင့် ကယ်ဆယ်ရေးသမားများ သိရှိကယ်ဆယ်ခဲ့ရကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းဒေသကြီးကော်မတီထံက သိရသည်။

ယနေ့ အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်း ၁ နာရီ မိနစ် ၄၀ အချိန်၌ မန္တလေး- ပြင်ဦးလွင် ကားလမ်းတွင် ခရီးသည်ယာဉ်တစ်စီး ချောက်ထဲသို့ ကျသွားကြောင်းနှင့် ချောက် ထဲမှ မိန်းကလေးနှင့်ကလေးငယ်များ၏ အော်ဟစ်အကူအညီတောင်းသံများ ကြားရကြောင်း၊ မော်တော်ယာဉ်အား လှမ်းမမြင်ရကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (လားရှိုး) ရုံး၏ ဖြစ်စဉ်အနီးတွင် လူနာပို့လမ်းကြောင်း သွားရင်းရောက်ရှိနေသော အဖွဲ့ဝင်များမှ ဖုန်းဖြင့် ဆက်သွယ် သတင်းပို့ခဲ့ခြင်း ဖြစ်သည်။

This image has an empty alt attribute; its file name is 391693172_122129329274030934_3784598913074707289_n.jpg

ထို့ကြောင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပုသိမ်ကြီးမြို့နယ်)၊ စေတနာမွန် လူမှူကူညီရေးအသင်း (အုန်းချော)၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ချမ်းမြသာစည်မြို့နယ်ရုံး)၊ တဝမေတ္တာ လူမှုကူညီရေးအသင်း ၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ချမ်းအေးသာဇံမြို့နယ်ရုံး) တို့က အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် လူနာတင်ယာဉ်များ ကယ်ဆယ်ရေး ဆောင်ရွက်ရန် ချက်ချင်း ထွက်ခွာခဲ့ကြောင်းသိရသည်။

ချောက်အတွင်း (တောင်စောင်းအောက်) မှ လူနာများ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ နံနက်ပိုင်း ၃ နာရီ ၁၆ မိနစ်တွင် အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ပြီး စိုးရိမ်ရလူနာ ၂​ ဦးအပါအဝင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၇ ဦးကို အထွေထွေရောဂါကုဆေးရုံကြီး (မန္တလေး) အရေးပေါ် လူနာဌာနသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *