October 19, 2024

◾သတ်ဖြတ်ခံရသူများမှာ အထည်ဆိုင်ရှင် သားအဖနှစ်ဦးနှင့် အလုပ်သမတစ်ဦးဖြစ်ဟု သိရ

၂၂. ၁၀.၂၀၂၃

Written by KL

မူဆယ်မြို့ ကျင့်စန်​​ကျော့သွား လမ်းဘေးအမှိုက်ပုံတွင် အသတ်ခံထားရသော အလောင်း ၃ လောင်းကို တွေ့ရှိခဲ့ပြီး အလောင်းများမှာ ပုပ်ပွနေပြီဖြစ်ကာ ဆာလာအိတ်ဖြင့် လာရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ကာ အမှုနှင့်ပတ်သက်၍ ကျုးလွန်သူကို တာဝန်ရှိသူများက စုံစမ်းနေကြောင်း ဒေသခံများထံမှသိရသည်။

အသတ်ခံထားရသူများမှာ ကျင့်စန်းကျော့တွင် နေထိုင်သော အမျိုးသား ၂ ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း၊ အမျိုးသား နှစ်ဦးမှာ သားအဖဖြစ်ပြီး အမျိုးသမီးမှာ ယင်းဆိုင်မှစာရေးမဖြစ်ကြောင်း ၎င်းတို့မှာ လွန်ခဲ့သော ၁၀ ရက်ခန့်ကတည်းက ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

This image has an empty alt attribute; its file name is 2-14.jpg

“ဆိုင်ပိတ်ထားတာဆယ်ရက်ကျော်ပြီ။ သူတို့ဘယ်သွားတာလဲ။ ပြန်လည်းမလာသေးဘူးလို့ နေ့တိုင်းမျှော်နေမိ။ ဒီလိုအဖြစ်မျိုးကြုံရပြီးဆုံးသွားတာ”ဟု အသတ်ခံရသူ သားအဖ၏ အထည်ဆိုင်အနီးတွင် ဆိုင်ဖွင့်ထားသူ တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

အသတ်ခံထားရ​သော အလောင်းများကို အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အလောင်းများကို မူဆယ်ဆေးရုံသို့ လက်ဖက်ညွန့် လူမှုကူညီရေးအဖွဲ့နှင့် မြင့်မြတ်ပါရမီ လူမှုကူညီရေးအသင်းက သွားရောက်သယ်ဆောင်​ပေးခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *