October 19, 2024

၂၂. ၁၀. ၂၀၂၃

Written by Nay Aung

မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် ကျောင်းပညာသင်ကြားရမည့်အရွယ်ရှိ ကလေးငယ်အားလုံး၏ ၃ ဒသမ ၇ သန်းသည် ကျောင်းပညာသင် ကြားမှုများကို လုံလောက်စွာမရရှိခဲ့ကြောင်း ကမ္ဘာကလေးငယ်များရန်ပုံငွေအဖွဲ့ (UNICEF) က နောက်ဆုံးထုတ်ပြန်လိုက်သော Myanmar: Education Fact Sheet 2023 တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ ကလေးငယ်များအနက် Grade 5 ပညာသင်ကြားနေသည့် ကလေးငယ် ၁၀ ဦးတွင် ၉ ဦးက စာဖတ်စွမ်းရည်နှင့်သင်္ချာတွက်ချက်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်မှုမရှိကြောင်း UNICEF က ဆိုသည်။ မြန်မာနိုင်ငံရှိ ကလေးငယ်များအနက် ကလေးငယ်ဦးရေ ၆၃၇၀၀၀ ကျော်သည်နေရပ်စွန့်ခွာသူများ နေထိုင်နေရသည့် IDP စခန်းများတွင် နေထိုင်နေရကြောင်း၊ အစိုးရက ပညာရေးအတွက်ခွဲဝေပေးသောဘတ်ဂျက်ရန်ပုံငွေသည် ၆ ဒသမ ၆ ရာခိုင်နှုန်းသာရှိနေကြောင်း UNICEF က ပြောသည်။

This image has an empty alt attribute; its file name is 391702213_122129431340030934_8753973364156993014_n.jpg

ကိုဗစ်-၁၉ မတိုင်ခင်နှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတွင် စတင်ခဲ့သည့် လက်ရှိအကျပ်အတည်းများသည် မြန်မာနိုင်ငံရှိကလေးသူငယ်များ၏ ပညာသင်ယူနိုင်မှုနှင့်စပ်လျဉ်း၍ကြီးမားသည့် အတားအဆီးများကို ကြုံတွေ့စေခဲ့သည်။ ထို့အတူ ကလေးငယ်များ၏ ဖွံ့ဖြိုးမှု၊ စိတ်ကျန်းမာရေးနှင့် အနာဂတ်အလားအလာများအတွက် ပညာသင်ယူနိုင်မှုကို ဆုံးရှုံးလိုက်ရခြင်းအကျိုးဆက်များက အကြီးအကျယ်ကြီးထွားလာနေသည်။ ထိုအချိန်တွင်ပင်၊ ကိုဗစ်-၁၉ နှင့်စပ်လျဉ်း သည့် ကျန်းမာရေးအန္တရာယ်များမှာလည်း မြင့်မားလျက်ရှိနေကြောင်း UNICEF က သုံးသပ်ဖော်ပြထားသည်။

ကာလရှည်ကြာစွာ ပညာသင်ယူခွင့်မရရှိခြင်းသည် ကလေးသူငယ်များ၏အနာဂတ်များကို ပျက်စီးစေပြီး ကလေးဘဝကုန်လွန်သည်မှာ အလွန်မြန်လှကြောင်း၊ ပညာသင်ယူခွင့်ရရှိသည့်ကာလက တိုတောင်းကြောင်း၊ပညာသင်ယူခွင့်ဆုံးရှုံးရသည့်ကလေးသူငယ်များစွာအနေဖြင့် ဒုတိယအကြိမ်ပညာသင်ခွင့်ရရှိရန် အလွန်ကြိုးစားရုန်းကန်ရမည်ဖြစ်ပြီး၊ အမှန်တကယ်ကမူ ထိုအခွင့်အရေးပင် လုံးဝမရှိနိုင်တော့မည်မဟုတ်ကြောင်း UNICEFက ဖော်ပြထားသည်။

ဘေးကင်းစွာဖြင့် စဉ်ဆက်မပြတ်သင်ယူနိုင်မှုသည် ကလေးတိုင်း၏အခွင့်အရေးဖြစ်ကြောင်း၊ ကလေး သူငယ်များအနေဖြင့် ပညာသင်ယူရန်လိုအပ်ပြီး ကလေးများတွင် ပညာသင်ယူနိုင်သည့် အခွင့်အရေးသာမက၊ လုံခြုံသည်ဟုသူတို့ခံစားရသည့်နေရာတွင် ပညာသင်ယူနိုင်ခွင့်လည်းရှိကြောင်း UNICEF က ဖော်ပြထားသည်။

Ref; UNICEF

Leave a Reply

Your email address will not be published. Required fields are marked *