October 19, 2024

၂၃. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခအတွင်း အစ္စရေးတို့ဘက်ကလိုက်ကာ မမှန်သတင်းတွေရေးသားဖော်ပြမှုနဲ့ CNN ရဲ့ အမျိုးသမီးသတင်းထောက် ဆာရာ ဆစ်ဒ်နာကို ပါလက်စတိုင်းတို့က အောက်တိုဘာ ၂၀ ရက်မှာ အနောက်ဘက်ကမ်းဒေသမှာ ထိပ်တိုက်တွေ့ဆုံဆန္ဒပြခဲ့ကြပါတယ်။ အဆိုပါဖြစ်ရပ်လိုပဲ ဂါဇာတောင်ပိုင်း ရာဖာနယ်စပ်ဂိတ်မှာ ရာမာဇိန် အမည်ရှိတဲ့အီဂျစ်အမျိုးသမီးတစ်ဦးက CNN ရဲ့အမျိုးသမီးသတင်းထောက် Clarissa Ward ကို အောက်တိုဘာလ တတိယပတ်ထဲမှာပဲ ထိပ်တိုက်တွေ့ဆုံဆန္ဒပြမှု ရိုက်ကူးထားတဲ့ဗီဒီယိုက လူမှုကွန်ရက် X ကနေ ကမ္ဘာတစ်ဝန်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ရပါတယ်။

အီဂျစ်နိုင်ငံနဲ့ ဂါဇာကမ်းမြောင်အကြား နယ်စပ်ဖြတ်ကျော်ဂိတ်ဖြစ်တဲ့ ရာဖာဂိတ်မှာ အီဂျစ်အမျိုးသမီး ရာမာဇိန်က CNN သတင်းထောက် ကလယ်ရစ်ဆာ ဝဒ် ကို စီအန်အန်က အစ္စရေး-ပါလက်စတိုင်း အရေးမှာ တစ်ဖက်သတ် ဘက်လိုက်တဲ့ သတင်းမျိုးတွေသာ ဖော်ပြနေတာကြောင့် စိုးရိမ်မိပါတယ်လို့ ပြောခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-23_14-47-46-583x1024.jpg

ဒါ့ပြင် ရာမာဇိန်က အစ္စရေးတပ်ဖွဲ့တွေလက်ချက်ကြောင့်ကလေးငယ် ၁,၀၀၀ အပါအဝင် ပါလက်စတိုင်း ၄,၀၀၀ ကျော်သေဆုံးခဲ့ရပြီဖြစ်ပေမဲ့လည်း CNN က အပြည့်အဝမှန်ကန်စွာဖော်ပြခြင်း မရှိခဲ့မှုကို ဝေဖန်ခဲ့တာကိုလည်း ဗီဒီယိုမှာ တွေ့ကြရပါတယ်။ သူမက အမှန်တရားကိုထုတ်ဖော်ရေးဖို့ CNN ကို တောင်းဆိုခဲ့ပြီး ခုလိုဘက်လိုက်ရေးသားမှုအတွက် ရှုတ်ချတယ်လို့ ပြောခဲ့ပါတယ်။

ဝဒ် က တုံ့ပြန်ပြောကြားဖို့ ဟန်ပြင်ခဲ့ပေမယ့်လည်း ရာမာဇိန်က CNN သတင်းတွေက စစ်ပွဲကိုပိုပြီး အရှိန်မြင့်လာစေဖို့ ပါဝင်ကျူးလွန်နေတာဖြစ်ပြီး အစ္စရေးကိုလည်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေမှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ ပါလက်စတိုင်းတို့ကို ဇာတိမြေကရွှေ့ပြောင်းနှင်ထုတ်မှုနဲ့ မကြာသေးခင်ကဘဲ အပြစ်မဲ့အရပ်သားပါလက်စတိုင်းတွေကို သတ်ဖြတ်မှုတွေက လွတ်ကင်းအောင်ဆောင်ရွက်နေတာလို့ ဝေဖန်သွားပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-23_14-47-56-671x1024.jpg

အစ္စရေး- ပါလက်စတိုင်းအရေးမှာ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေမီဒီယာတွေဟာ ကမ္ဘာကို သူတို့ပေးသိချင်သလောက်ပဲပေးသိပြီး ဖုံးကွယ်တာကြောင့် အခုလို အမေရိကန်ရဲ့အကြီးဆုံးမီဒီယာတစ်ခုဖြစ်တဲ့ CNN ရဲ့ သတင်းထောက်တွေဟာ သူတို့ရဲ့ မမှန်သတင်းတွေ ဘက်လိုက်ဖော်ပြတဲ့သတင်းတွေကြောင့် ဆန္ဒပြခံရမှု ကြုံခဲ့ရတာပါ။ သေချာတာကတော့ အနောက်အုပ်စုအစိုးရတွေ ထိန်းချုပ်ထားတဲ့ကမ္ဘာ့သတင်းမီဒီယာတွေက သူတို့သိစေချင်သလောက်သာ ပေးသိတာကို ကမ္ဘာကရင်ဆိုင်နေရတာဖြစ်လို့ အမေရိကန်မီဒီယာတို့ရဲ့ သတင်းဖော်ပြမှုကပဲ အမှန်လို့ထင်နေရင်တော့ အလွဲကြီးလွဲမှာပါပဲ။

Ref—— minutemirror, albawaba

Leave a Reply

Your email address will not be published. Required fields are marked *