October 19, 2024

၂၃. ၁၀. ၂၀၂၃
Written by Pan Ei

တိရိစ္ဆာန်နဲ့ လူသားကြားက ချစ်ကြည်ရင်းနှီးမှု ဇာတ်လမ်းတွေကို တွေ့ကြုံရဖို့ဆိုတာ ရှားပါးတဲ့ အခိုက်အတန့်ပါ။ အိမ်မွေးတိရိစ္ဆာန်ပဲဖြစ်ဖြစ် လမ်းဘေးတိရစ္ဆာန်ပဲဖြစ်ဖြစ်၊ တိရိစ္ဆာန်တွေနဲ့ လူသားကြားနှောင်ကြိုးတွေက ကိုယ်ကျိုးမဖက်တဲ့ ချစ်ခြင်းမေတ္တာနဲ့ သစ္စာစောင့်သိမှုရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို ပြသလေ့ရှိပါတယ်။

မကြာသေးမီက အိန္ဒိယနိုင်ငံ ဥတာပရာဒက်ရှ်ပြည်နယ် အမရိုဟာမြို့က အသုဘအခမ်းအနားတစ်ခုမှာ သေဆုံးသွားတဲ့ အမျိုးသားရဲ့ အလောင်းဘေးမှာထိုင်ကာ တခြားမိသားစုဝင်တွေလိုမျိုး ဝမ်းနည်းကြေကွဲကာထိုင်နေတဲ့ မျောက်တစ်ကောင်ရဲ့ ကြေကွဲဖွယ် ဗီဒီယိုဟာ ခုရက်ပိုင်းအတွင်း အင်တာနက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပြီး အဲ့ဒီဗီဒီယိုထဲက မျောက်လေးဟာ သူ့ရဲ့ ကျေးဇူးရှင်ကို နောက်ဆုံးနှုတ်ဆက်ဖို့ စီတန်းလှည့်လည်တဲ့ ကီလိုမီတာ ၄၀ လောက် အကွာအဝေးကိုလည်း အလောင်းကို တင်းတင်းကြပ်ကြပ်ဖက်ကာ ဝမ်းနည်းကြေကွဲနေတဲ့ ပုံစံနဲ့ ခရီးနှင်လာခဲ့တာကြောင့် သူရဲ့ နောက်ခံဇာတ်လမ်းက ပိုပြီး ကြေကွဲဖွယ် ဖြစ်နေခဲ့ရပါတယ်။

ကွယ်လွန်ခဲ့တဲ့ အမျိုးသားဟာ Ramkunwar Singh လို့ အမည်ရသူဖြစ်ပြီး သူ မသေဆုံးမီက လပေါင်းများစွာကြာ မျောက်ကို အစာကျွေးခဲ့ဖူးပြီး သူတို့ဟာ နေ့တိုင်းနီးပါးတူတူကစားခဲ့ကြတယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-23_14-42-16-586x1024.jpg

အလောင်းကို စီတန်းလှည့်လည်တဲ့ လေထန်တဲ့လမ်းတစ်လျှောက်မှာ မျောက်ကလေးဟာ ကွယ်လွန်သူရဲ့ ရုပ်အလောင်းကို ဖုံးအုပ်ထားတဲ့ အဝါရောင်အစကို တင်းကျပ်စွာ ဖက်ထားခဲ့ပြီး ဝမ်းနည်းမျက်ရည် ကျခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

အဆိုပါ မျောက်ကလေးရဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ မျောက်ကလေးရဲ့ သစ္စာရှိမှုနဲ့ ချစ်ခြင်းမေတ္တာတွေဟာ သိသိသာသာ အာရုံစိုက်ခံခဲ့ရပါတယ်။ မျောက်ဟာ ကျေးဇူးရှင်ဖြစ်သူ သေဆုံးမှုအတွက် ဝမ်းနည်းပူဆွေးမှုကို လူအများ အံ့ဩခဲ့ကြပြီး ခုလိုအပြုအမူဟာ လူအများအတွက် အထူးအဆန်းလို့ ထင်ရပေမဲ့ တိရစ္ဆာန်တွေ ဆုံရှုံးမှုအတွက် ဝမ်းနည်းကြွေ​ကွဲကြောင်းဖော်ပြတတ်ကြတာတော့ အဆန်းမဟုတ်ပါဘူး။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *