October 19, 2024

၂၂.၁၀.၂၀၂၃

Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ လိပ္ပုတ်ကျေးရွာ အုပ်စု၊ အမှတ်(၄)လမ်းမကြီး၊ ကင်းမလင်းတောင်ကွင်းရှိ Aqua Life ရေသန့်စက်ရုံတွင် ယနေ့ (အောက်တိုဘာ ၂၂) ရက် နံနက် ၁ နာရီ ၃၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ရေသန့်စက်ရုံရှိ Water Cooler ဖွင့်ထားရာမှ Water Cooler အတွင်းရှိ ကွိုင်အပူလွန်ကဲကာ မီးပွားများ ထွက်ပြီး ဘေးရှိ စာအုပ်နှင့် စာရွက်များသို့ ကျရောက်ကာ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း မီးသတ်ဦးစီးဌာန၏ စစ်ဆေးချက်များအရ သိရသည်။

မီးလောင်မှုမှာ မိနစ် ၄၀ ကျော်ကြာ လောင်ကျွမ်းခဲ့ပြီး Water Cooler၊ CCTV ဆက်စပ်ပစ္စည်း၊ ကွန်ပျုတာ ၁ စုံနှင့် ရုံးခန်း မီးလောင်ဆုံးရှုံးခဲ့သည်။

အဆိုပါ မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၁ စီး၊ ရေသယ်ယာဥ် ၄ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၈၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့သည်။ မီးလောင်မှုကြောင့် အသက် ၄၀ ကျော် အမျိုးသားတစ်ဦးကို ပုဒ်မ ၂၈၅ ဖြင့် အရေးယူထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *