October 18, 2024

MT News

Written by Thi Ha

အခုမြင်တွေ့နေရတဲ့ မြင်ကွင်းကတော့ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ရှိ ထီးပုကျေးရွာရဲ့ စုပေါင်းရှင်ပြု အလှူပွဲအတွက် ဒေသခံတွေ ဝိုင်းဝန်းချက်ပြုတ်နေကြတဲ့ မြင်ကွင်းပါ။

ဒီရွာလေးမှာ ပွဲမဝင်တာဆို ၃ နှစ် ၃ မိုးတောင်ကြာနေပါပြီ။ အခုနှစ်မှာတော့ ရွာထဲက စီးပွားရေးကောင်းသူတစ်ဦးက မ,တည် ကမကထ ပြုတာကြောင့် အလှူပွဲလည်း ဖြစ်မြောက်အောင်မြင်တော့မှာမို့ တပျော်တပါး ၃ ရက် ၃ လီ တစ်ရွာလုံး မီးခိုးတိတ်ပါပဲ။

၁၃ ရက်နေ့မှာ ပွဲဝင်တော့မယ့် မောင်ရင်လောင်းတွေကို နတ်ပြဖို့အတွက်နဲ့ အလှူကို လာမယ့် ရပ်ဝေးရပ်နီးက ဧည့်သည်တွေအတွက် မုန့်ဖြူ၊ မုန့်နီကြော်ကလဲ အညာအထာ ဧည့်ခံမုန့်ပါ။

အလှူမှာကူသူတွေစားဖို့ အရွက်စုံ ချည်ရည်နဲ့ ကုလားချက်၊ ငရုပ်ဆီကြော် နဲ့ သရက်ချဉ်သုပ်ကလည်း မပါမဖြစ် အညာရိုးရာဟင်းလို့ ဆိုရမှာပါ။

မြန်မာ့ဓလေ့မို့ ကြည်နူးပျော်ရွှင်ဖွယ် အညာအလှူ မြင်ကွင်းလေးကို MT News ပရိတ်သတ်တွေ ကြည့်ရှု့ခံစားနိုင်အောင် ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *