October 19, 2024

၂၃. ၁၀. ၂၀၂၃

Written by Nay Moe

မှော်ဘီလေတပ်စခန်းကို Urban Special Operation (USO) PDF အဖွဲ့က ၁၀၇ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

၂၀၂၃ အောက်တိုဘာ၂၂ ရက် ည ၉ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်စခန်းကို USO ၏ စစ်ဆင်ရေးအောက် မဟာမိတ်အဖွဲ့မှ ၁၀၇ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါမစ်ရှင်အား အတွင်းဖရဲသီး သတင်းပေး ပူးပေါင်းကူညီမှုဖြင့် တိုက်ခိုက်ပြီး ထိုတပ် စခန်းအတွင်းတွင် လေယာဉ်ဆီ၊ လေယာဉ်ပြုပြင်ရန် ပစ္စည်းများနှင့် ယခင်ပြောင်းရွှေ့ရပ်နားထားသော လေယာဉ်များပြန်လည်ရပ်နားထားရှိကြောင်း သိရှိရသည်ဟုလည်း USO က ဖော်ပြထားသည်။

မှော်ဘီလေတပ်ကို USO က တိုက်ခိုက်မှုတွင် ပေါက်ကွဲသံသုံးချက်ကြားရပြီးနောက် ထိခိုက်မှုအချို့ရှိခဲ့ကြောင်း၊ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့သလို မှော်ဘီတဝိုက်တွင် ရဟတ်ယာဥ်များ၊ ဒရုန်းများသုံးကာ ပစ်ခတ်သူရှာဖွေနေကြောင်း PDF ထောက်ပို့ချန်နယ် RSN Web တွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းစစ်ဆင်ရေးတာဝန်ခံဒီငြိမ်းလင်း၏ လက်အောက်မှ USO သည် ယခုလများအတွင်း ရန်ကုန်မြို့၌ တိုက်ခိုက်မှုပြုလုပ်လာသောအဖွဲ့ဖြစ်ပြီး ပထမအကြိမ်တွင် တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းရှိ ဦးအောင်မိုးမြင့်ပိုင်ဆိုင်သောရုံး၊ ဒုတိယအကြိမ်တွင် ကိုလင်းမင်းမောင်လွင်၏ နေအိမ်၊ တတိယအကြိမ်တွင် ထားဝယ်ချောင်ရဲစခန်းနှင့် စတုတ္ထအကြိမ်တွင် မင်္ဂလာဒုံမြို့နယ်ရှိ မြန်မာဘီယာစက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများအား လုပ်ဆောင်ထားသည့် PDF အဖွဲ့ဖြစ်ကာ ယခုမှော်ဘီလေတပ်တိုက်ခိုက်မှုကိုလည်း “ကြိုက်သလား”ဟု မှတ်ချက်ပြုထားသည်ကို တွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *