October 19, 2024

၂၃. ၁၀. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံတွင် နေထိုင်နေသည့် မြန်မာနိုင်ငံသားနှစ်ဦးသည် အောက်တိုဘာ ၂၂ ရက် ညနေပိုင်းက ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားခဲ့ပြီးနောက် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ဆိုင်ကယ်တိုက်မှုဖြစ်ပွားကာ လူသေဆုံးသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ Sao Thong Klang အရပ်ဒေသမှ Wat Chorakhe Yai ဒေသကိုသွားသည့်ကားလမ်းတွင် လူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာသည်ကိုတွေ့မြင်ခဲ့ကြောင်း ဆာမတ်ပရာကန်ပြည်နယ် Bang Sao Thong ရဲစခန်းမှ ရဲမှူးကြီး ဆူပတ်ချာသာဝေါင်က ပြောသည်။

This image has an empty alt attribute; its file name is photo_2023-10-23_14-15-22.jpg

အသက် ၂၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးကို ဒဏ်ရာရကာတွေ့ရှိခဲ့ပြီး အခြားမြန်မာနိုင်ငံသားတစ်ဦးမှာ ဦးခေါင်းနှင့်မျက်နှာတို့တွင်ပြင်းထန်သော ဒဏ်ရာများရရှိကာ သွေးအိုင်ထဲတွင်လဲကျ၍ ပွဲချင်းပြီးသေဆုံးနေသည်ကို တွေ့မြင်ခဲ့ရကြောင်း ရဲမှူးကြီး ဆူပတ်ချာသာဝေါင်က ပြောသည်။

သေဆုံးခဲ့သော မြန်မာနိုင်ငံသားသည် အသက် ၂၅ နှစ်အရွယ်ရှိပြီး လမ်းဘေးမီးတိုင်ကို အရှိန်ဖြင့်တိုက်မိကာ နဖူးနှင့် ဦးခေါင်းခွံကွဲ၍ သေဆုံးခဲ့ခြင်းဖြစ်ဖွယ်ရှိနေကြောင်း၊ ၎င်းတို့သည် အရက်သေစာသောက်စားပြီး ဆိုင်ကယ်ကို အရှိန်မြင့်မောင်းနှင်လာရာမှ လမ်းဘေးမီးတိုင်ကို တိုက်မိခဲ့ခြင်းဖြစ်ဖွယ်ရှိနေကြောင်း အဆိုပါ ဆိုင်ကယ်တိုက်မှုကို ပထမဆုံးတွေ့ရသည့် ထိုင်းကျေးရွာသားတစ်ဦးက ပြောသည်။

This image has an empty alt attribute; its file name is photo_2023-10-23_14-15-27-1024x683.jpg

ဆိုင်ကယ်မတော်တဆမှုဖြစ်ရပ်တွင် မြန်မာနိုင်ငံသားနှစ်ဦးသည် ပါတီပွဲမှ အရက်သောက်ကာ ဆိုင်ကယ်ကိုအရှိန်မြင့်မောင်းနှင်၍ ပြန်လာချိန်တွင် ကွေ့ကြောအရောက်ဆိုင်ကယ်ကိုအရှိန်မထိန်းနိုင်ဘဲ လမ်းမီးတိုင်ကို ဝင်တိုက်ကာ သေဆုံးခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က ယုံကြည်နေသည်။

ထိုင်းရဲတပ်ဖွဲ့ နှင် ကယ်ဆယ်ရေးအဖွဲ့များသည် သေဆုံးခဲ့သော မြန်မာနိုင်ငံသား၏ ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးရန်အတွက် Ramathibodi Hospital Chakri Naruebodin Samut Prakan ဆေးရုံကို တင်ပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် လိုင်စင်နံပါတ်ပြားမပါသော အနီရောင် Honda Click ဆိုင်ကယ်ကို စီးနင်းလာခဲ့ခြင်းဖြစ်ကြောင်း၊ Accident ဖြစ်ပွားခဲ့သော ဆိုင်ကယ်နှင့်အတူ ဘီယာဘူးများကိုလည်း လမ်းဘေး မြက်ခင်းနားတွင် တွေ့မြင်ရကြောင်း ရဲမှူးကြီး ဆူပတ်ချာသာဝေါင်ကပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *