October 19, 2024

၂၃. ၁၀. ၂၀၂၃
Written by Peya

ဘေးကင်းစေရန်အတွက် ညဘက် လမ်းဘေး ချရပ်ထားသော စတေကာမပါသည့်ကားများ၌ စတေကာကပ်ပေးခြင်းများကို ပရဟိတအဖွဲ့များက စတင်လုပ်ဆောင်နေကြပြီဖြစ်ကြောင်း MT News သတင်းဌာနက မေးမြန်းစုံစမ်းထားချက်များအရ သိရသည်။

ပရဟိတအဖွဲ့များအနေဖြင့် နယ်မြေအလိုက် ပရဟိတ လုပ်ရင်း ကြုံကြိုက်သည့်အချိန်တွင် လိုက်ကပ်နေကြခြင်းဖြစ်ကာ မှောင်နေသည့်အချိန်တွင် လမ်းဘေးချရပ်ထားသည့် ကားများကို မမြင်ရမည်စိုးသည့်အတွက် ယာဉ်တိုက်မှုများ လျှော့ကျစေရန် ရည်ရွယ်ကပ်ခြင်း ဖြစ်ကြောင်း ရွှေမေတ္တာလူမှုကူညီရေး အသင်း ဥက္ကဋ္ဌ မရွှေလဲ့က MT News သတင်းဌာနသို့ ပြောသည်။

This image has an empty alt attribute; its file name is photo_2023-10-23_13-52-36-1024x768.jpg

“ကျွန်မတို့က မိတ်ဖက်အသင်းတွေက များတဲ့အတွက် ကိုယ့်အပိုင်ကိုယ် ခွဲပြီး တာဝန်ယူလိုက်တာပေါ့။ ဒီဘက်မှာ နေလေ့ရှိတဲ့ ကားကို ကျွန်မတို့ ကပ်မယ်။ သူတို့နဲ့ နီးတဲ့ နေရာက ကားတွေတွေကိုတော့ သူတို့က ကပ်တာပေါ့။ ကျွန်မတို့ဘာသာ ရောင်ပြန်တွေ ဝယ်ပြီး ကပ်တာပေါ့နော်။ သူတို့ကိုတော့ ခွင့်တောင်းပါတယ်” ဟု ၎င်းက ဆိုသည်။

ကိုယ့်နယ်မြေ ကိုယ်ကပ်သည့် အတွက် သက်ဆိုင်ရာ နယ်မြေအတွင်းက ကားသမားများနှင့် အဆင်ပြေသည့် အတွက် ပြဿနာ တစ်စုံတစ်ရာ မရှိကြောင်းလည်း ၎င်းက ရှင်းပြသည်။

This image has an empty alt attribute; its file name is photo_2023-10-23_13-52-43-1024x1024.jpg

“လမ်းဘေးမှာ ချရပ်ထားတဲ့ ရောင်ပြန်မပါတဲ့ ကားတွေဆို ခွင့်တောင်းပြီး ကပ်ပေးတယ်။ ဘာလို့လဲဆိုတော့ မီးလင်းနေရင် ပြဿနာ မရှိပေမယ့် မီးမှောင်နေရင် အဆင်မပြေလို့ပါ” ဟု မရွှေလဲ့ က ရှင်းပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းက လမ်းဖြတ်ကူးသူကို ရှောင်ခဲ့သည့် လူနာကို တင်လာသော ပရဟိတယာဉ်တစ်စီးသည် ရောင်ပြန်စတေကာ မပါသော လမ်းဘေး ချရပ်ထားသည့် တွဲကားကို တိုက်မိသောကြောင့် ကားပေါ်တင်လာသော လူနာနှင့် ပရဟိသမားပါ သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *