October 19, 2024

အနီးတွင် ချောက်ရှိသော်လည်း ကံသီ၍ ကားပြုတ်မကျခဲ့သောကြောင့် သေဆုံးသူ မရှိခဲ့

၂၃. ၁၀. ၂၀၂၃
Written by Peya

ရှမ်းပြည်နယ်၊ ကလောမြို့နယ်တွင် မိတ္ထီလာမြို့နယ်မှ တောင်ကြီးဘက် ဘုရားဖူးလာသည့်ကား အပြန်တွင် တိမ်းမှောက်ရာ လူ ၁၃ ဦး ဒဏ်ရာရပြီး အနီးတွင် ချောက်ရှိသော်လည်း ကံသီ၍ ကား ပြုတ်မကျခဲ့သောကြောင့် သေဆုံးသူ မရှိခဲ့ကြောင်း နာရေးကူညီမှု အသင်း – အောင်ပန်းမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ အောက်တိုဘာ ၂၂ ရက် ညပိုင်း ၉ နာရီအချိန်က မိတ္ထီလာမြို့နယ်၊ မြာရဝေရွာမှ ထွက်လာပြီး တောင်ကြီးဘက် ဘုရားဖူးလာသောသော Canter အမျိုးအစားကားသည် ကလော-မိတ္ထီလာသွားလမ်းရှိ ဝက်ဖြူရေ ရွာအထွက်ကွေ့ တွင် မိုးရွာ၍ စလစ်ဖြစ် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကာ ယာဉ်ပေါ်ပါ လူ ၂၃ ဦးခန့်အနက် အများစုမှာ အမျိုးသမီးများဖြစ်ပြီး လူ ၁၃ ဦး ဒဏ်ရာ ရကာ အမျိုးသမီး ၃ ဦးမှာ စိုးရိမ်ရ အခြေအနေ ဖြစ်ကြောင်းလည်း သိရသည်။

This image has an empty alt attribute; its file name is 8-4-1024x768.jpg

“သူတို့က တောင်ကြီး၊ အင်းလေး ဘက်သွားပြီး အပြန်မှာ ဖြစ်တာပါ။ ရွာနီးပတ်ဝန်းကျင်က လူတွေစုပြီး ဘုရားသွားဖူးကြတာပါ။ မိုးက နည်းနည်းရွာနေပြီး လမ်းက ကျယ်တယ်။ အဆင်းရှည်ပြီး အကွေ့အကောက်များတော့ လမ်းကြောအထာ မသိချိန် စလစ်ဖြစ်ပြီး လဲသွားတာပါ။ ကားက တစ်ပတ်လည်ပြီး ကားခေါင်းက တောင်ကြီးဘက် ပြန်တည့်ပြီး လမ်းပေါ်မှာတင် တုံးလုံး လဲသွားတာ။ ဟိုဘက်မှာ ချောက်ကြီး။ ဒီ အဖွဲ့က တော်တော်ကံကောင်းတယ် ပြောရမယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

This image has an empty alt attribute; its file name is 6-6-768x1024.jpg

ဖြစ်စဉ်တွင် တစ်ပတ်လည်ချိန် လူအချို့ လွင့်စင်ထွက်သွားသည်ဟု ယူဆရပြီး အများစုမှာ အမျိုးသမီးများ ဖြစ်ကာ ကလေးငယ် ၅ ဦး ပါဝင်ရာမှ အဆိုပါ ကလေးငယ်များမှာ လုံးဝ ဒဏ်ရာမရခဲ့ကြောင်းလည်း ၎င်းက ရှင်းပြသည်။

“အမျိုးသမီး ၃ ယောက်က ခေါင်းထိတယ်။ မနေ့က ဓာတ်မှန်ရိုက်တာတော့ အဖြေမသိရသေးပါဘူး” ဟု ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *