October 19, 2024

၂၃. ၁၀. ၂၀၂၃
Written by Nay Aung

မဏိပူရပြည်နယ် မိုးရေးမြို့နယ်စပ်နားတွင် မြန်မာနိုင်ငံသား သုံးဦးကို ခိုးယူထားသောပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မဏိပူရပြည်နယ်ရဲတပ်ဖွဲ့ကပြောသည်။

မဏိပူရပြည်နယ်တွင် မေလ ၃ ရက်နေ့က လူမျိုးရေး အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ အိမ်များကို မီးရှို့ဖျက်ဆီးမှုများလည်းရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံသားသုံးဦးသည် မီးရှို့ခံရသော အိမ်များမှ ပစ္စည်းများကို ဝင်ရောက်ခိုးယူခြင်းများလုပ်ဆောင်ခဲ့ကြောင်း မဏိပူရပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။

မဏိပူရပြည်နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ကွန်မန်ဒိုတပ်ဖွဲ့ဝင်များသည် မိုးရေး နယ်စပ်ဒေသများကိုကင်းလှည့်ချိန်အတွင်း မြန်မာနိုင်ငံသားသုံးဦးကို ခိုးယူထားသော ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယအခြေစိုက်သတင်းတွင် ဖော်ပြထားသည်။ မဏိပူရပြည်နယ်ရဲတပ်ဖွဲ့က အသက် ၂၅ နှစ်အရွယ်ရှိ မြန်မာ နိုင်ငံသားအောင်အောင်၊ အသက် ၃၀-အရွယ်ရှိ အောင်မြင့်နှင့် အသက် ၂၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးတို့ကိုဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့သုံးဦးသည် မြန်မာနိုင်ငံ တမူးမြို့တွင်နေထိုင်သူများဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ မိုးရေမြို့သည် မြန်မာနိုင်ငံ နှင့်နယ်စပ်ချင်းထိစပ်နေသောမြို့ဖြစ်ပြီး နှစ်နိုင်ငံကြားကုန်သွယ်ရေးအတွက်အဓိက အချက်အချာကျသောမြို့ဖြစ်ကြောင်း သိရသည်။

မဏိပူရပြည်နယ် ဝန်ကြီးချုပ် အမ်ဘီယမ်ဆင်းက “အဲဒီမြန်မာနိုင်ငံသားသုံးဦးကို မီးလောင်မှုဖြစ်ပွားခဲ့တဲ့အိမ်တွေထဲကနေ လျှပ်စစ် ဂျင်နရေတာတွေ၊ ပရိဘောဂပစစ္စည်းတွေ ခိုးယူခဲ့တယ်လို့ သံသယရှိခဲ့တယ်။ ဒါကြောင့်ဖမ်းဆီးပြီး မိုးရေးမြို့ရဲစခန်းကိုလွှဲပြောင်းပေးခဲ့တယ်။ “ဟုအတည်ပြုပြောဆိုထားသည်။

မဏိပူရပြည်နယ်အစိုးရက မြန်မာနိုင်ငံသားများသည် ၎င်းတို့ပြည်နယ်ဘက်ခြမ်းကို တရားမဝင် ဝင်ရောက်မှုများရှိနေကြောင်း၊ ရန်လိုမှုများနှင့် အခြားရာဇဝတ်မှုများတွင်လည်း ပါဝင်ဆက်နွှယ်နေကြောင်း ပြောသည်။ မဏိပူရပြည်နယ်သည် မြန်မာနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော အိန္ဒိယပြည်နယ်တစ်ခုဖြစ်ပြီး နယ်စပ်ဒေသတွင် ကီလိုမီတာ ပေါင်း ၄၀၀ အထိ နယ်စပ်ခြံစည်းရိုးခတ်ထားခြင်းမျိုးမရှိကြောင်း သိရသည်။

Ref; pune

Leave a Reply

Your email address will not be published. Required fields are marked *