October 19, 2024

၂၃. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ဖျူထိုင်းပါတီကို တည်ထောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာရဲ့သမီးဖြစ်ပြီး ပါတီခောင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ ပေတုံတန် ရှင်နာဝပ်ထရာအနေနဲ့ ပါတီရဲ့ ခေါင်းဆောင်သစ်ဖြစ်လာဖို့ ကောင်းစွာ အရည်အချင်းပြည့်မီသူဖြစ်ပါတယ်လို့ ဖျူထိုင်းပါတီ ညီလာခံမကျင်းပမီ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်က ဒီကိစ္စအတွက် အောက်တိုဘာ ၂၇ ရက်မှာကျင်းပမယ့် ပါတီဆွေးနွေးပွဲကသာ ဆုံးဖြတ်မှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဖျူထိုင်းပါတီက ပါတီခေါင်းဆောင်ဟောင်း ချိုလ်နန် ဆရီကော နုတ်ထွက်ခဲ့ပြီးနောက် ခေါင်းဆောင်သစ်တစ်ဦးရွေးချယ်ဖို့နဲ့ အမှုဆောင်အဖွဲ့တင်မြှောက်ဖို့ အောက်တိုဘာ၂၇ ရက်မှာ ပါတီညီလာခံတစ်ရပ် ကျင်းပဖို့စီစဉ်ထားပါတယ်။ ညွန့်ပေါင်းအစိုးရအဖွဲ့မှာ ဖျူထိုင်းပါတီက ဝန်ကြီးချုပ်အဖြစ်ဦးဆောင်နိုင်ဖို့ လိုအပ်တဲ့မဲတွေရဖို့ ပါတီဟာ ထိုင်းစစ်တပ်လိုလားသူပါတီအချို့နဲ့ ပူးပေါင်းခဲ့ရပါတယ်။ ဒီမှာ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတုံးက ပေးခဲ့တဲ့ သူ့ရဲ့ကတိကိုထိန်းတဲ့အနေနဲ့ ချိုလ်နန်ကလည်း ပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက်ပေးခဲ့တာပါ။

ဝန်ကြီးချုပ် ဆရက်သာက သူ့အနေနဲ့ ပေတုံတန်ရဲ့ အကြံပေးပုဂ္ဂိုလ်အနေနဲ့ ဝန်ကြီးချုပ်မဖြစ်ခင် ပါတီမှာ ဆောင်ရွက်ခဲ့ဖူးရာမှာ ပေတုံတန်အနေနဲ့ ပါတီခေါင်းဆောင်ဖြစ်ဖို့အလားအလာရှိသူလို့ သိရှိယုံကြည်မိကြောင်းနဲ့ ပေတုံတန်က အလုပ်လည်း ပြင်းထန်စွာကြိုးစားလုပ်သူဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ဆရက်သာ အနေနဲ့ ပါတီခေါင်းဆောင်ဖြစ်ဖို့ လုံလောက်တဲ့နိုင်ငံရေးအတွေ့အကြုံလည်းရှိထားကာ ပါတီရဲ့ ထိပ်တန်းအဖွဲ့ဝင်တွေနဲ့ ဆက်ဆံရေးကောင်းမွန်သူလည်းဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။

ပေတုံတန်က ဖျူထိုင်းပါတီထူထောင်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ အငယ်ဆုံးသမီးလည်းဖြစ်ပါတယ်။ သူမအနေနဲ့ တခြားသူတွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဩဇာလွှမ်းမိုးနိုင်ကာ မြင့်မားတဲ့ ခေါင်းဆောင်မှုအရည်အသွေးတွေလည်းရှိလို့ ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံထိုက်ပါတယ်လို့ ဆရက်သာ က ပြောခဲ့တာပါပဲ။

ပေတုံတန် ကို သတင်းထောက်တွေက ပါတီကိုခေါင်းဆောင်ဖို့အဆင်သင့်ရှိပါရဲ့လား မေးမြန်းခဲ့ကြရာမှာ သူမကလည်း “အဆင်သင့်ပါပဲ” လို့ ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

Ref—–Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *