October 19, 2024

၂၁.၁၀.၂၀၂၃

Written By Thandar

ထိတ်လန့်ခြောက်ခြားဖွယ် ဇာတ်လမ်းပုံစံ “တာတီး” ဂမ္ဘီရဇာတ်လမ်းတွဲ Press Show ကို အောက်တိုဘာ ၂၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပခဲ့ရာ အကယ်ဒမီ ရဲအောင် ၊ အကယ်ဒမီ စိုးမြတ်သူဇာ ဂုဏ်ပြုတက်ရောက် အားပေးစကားပြောခဲ့ပါတယ်။

“ကျွန်တော်က Horror Comedy ပုံစံဖန်တီးထားတာပါ။ ကျွန်တော့်အနေနဲ့ Horror ဘက်ကို အားသန်တာပါ။ တာတီးက ထန်းရည်မူးတဲ့ ကာရိုက်တာနဲ့ တစ်ကားလုံးပါဝင်ထားတာပါ။ ဒီကားမှာ ပရလောက ဘယ်လို ဆက်နွယ်နေလဲဆိုတာ သိရမှာပါ။ ဒီဇာတ်ကားရိုက်ချိန်မှာ အမဲသား ဝက်သားစားတာတွေ ကန့်ကွက်ပြီးမှ သေချာရိုက်ကူးခဲ့ကြပါတယ်”လို့ သရုပ်ဆောင် ဂူးဂူးက MTNews Entertainment ကို ပြောပါတယ် ။

This image has an empty alt attribute; its file name is 392882058_122121155588040280_3766693146742362940_n-1024x682.jpg

ဇာတ်လမ်းကို Gu Gu၊ ဇာတ်ညွှန်း ဒီဒီထက်အောင်တို့က ရေး သားထားပြီး ဒါရိုက်တာ နေမင်းတင်က ရိုက်ကူးမယ့် တာတီး ဇာတ်လမ်းတွဲကတော့ ပရိသတ်အကြိုက် Horror ပုံစံကို ပုပ္ပါးနယ်ဘက်မှာ အပိုင်း ၁၆ ပိုင်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ ဂူးဂူး ၊ သင်းသဲဗိုလ် ၊ ဇောက်ထိုး ၊ ခရစ္စဝင်း ၊ ပြည့်ပြည့် ၊ ကဲကဲ ၊ အကယ်ဒမီ ခင်မို့မို့အေး ၊ ဒေါ်စန်းစန်းဝင်း ၊ သူဇာပွင့် ၊ ချမ်းအေး စတဲ့သူတွေက ပါဝင် သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is 392925993_122121155468040280_3014446310470446074_n-682x1024.jpg

“တာတီး” ဂမ္ဘီရဇာတ်လမ်းတွဲကို အောက်တိုဘာ ၂၆ ရက် ည ၈ နာရီ တနင်္လာနေ့ကနေ သောကြာနေ့အထိမှာ Fortune TV မှာ ထုတ်လွှင့်ပြသမှာဖြစ်သလို Mahar Application ကလည်း အောက်တိုဘာ ၂၇ ရက်မှာလည်း ဆက်လက်ပြသသွားမှာ ဖြစ်ပါတယ်။

ပေါက်ကျော်မ ထုတ်လုပ်ရေးက မကြာခင်မှာလည်း “တာတီး” ဇာတ်လမ်းတွဲ ၂ ကို အကယ်ဒမီ စိုးမြတ်သူဇာနဲ့ ဆက်လက်ပုံဖော်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *