October 19, 2024

၂၂. ၁၀. ၂၀၂၃

Written by Thettant

◾လီဗာပူးလ် ၂-၀ အဲဗာတန်

Salah (75′(P)၊ 90+7)

◾ဘရန့်ဖို့ ၃ – ၀ ဘန်လေ

Wissa 25′

Mbeumo 62

Ghoddos 87

◾ဘုန်းမောက် ၁ – ၂ ဝုလ်ဗ်

Solanke 17′

M. Cunha 47′

S. Kalajdzic 88′

◾နော်တင်ဟမ် ၂- ၂ လူတန်

C. Wood 48′, 76′

C. Ogbene 83′

E. Adebayo 90+2′

◾မန်စီးတီး ၂ – ၁ ဘရိုက်တန်

J. Álvarez 7′

E. Haaland 19′

A. Fati 73′

◾နယူးကာဆယ် ၄ – ၀ ပဲလေ့စ်

J. Murphy 4′

A. Gordon 44′

S. Longstaff 45+2′

C. Wilson 66′

◾ချဲလ်ဆီး ၂ – ၂ အာဆင်နယ်

C. Palmer 15′ (P)

M. Mudryk 48′

D. Rice 77′

L. Trossard 84′

◾ရှက်ဖီး ၁ – ၂ မန်ယူ

O. McBurnie 34′ (P)

S. McTominay 28′

D. Dalot 77′

◾ ပရီးမီးယားလိဂ်ပွဲစဥ် (၉) အတွက် MT News က ၇ ပွဲခန့်မှန်းခဲ့ရာမှာ လီဗာပူးက ဘော်ဒီ၊ ဘရန့်ဖို့၊ နယူးကာဆယ်၊ ဝုလ်ဗ်ပွဲတွေက အနိုင်နဲ့ ချဲလ်ဆီးပွဲက ဂိုးပေါ်ဖြစ်ခဲ့သလို မန်ယူကလည်း ဂိုးအောက်သွားခဲ့တယ်ဆိုတော့ အကျိုးအမြတ်တစ်ခုတော့ ရှာဖွေနိုင်ခဲ့တယ်လို့ ပြောပေးရမဲ့အခြေအနေပါ။ ဒီနေ့ပွဲမှာ အာဆင်နယ်နဲ့ ချဲလ်ဆီးပွဲဟာ လန်ဒန်ဒါဘီပီပီ အကြိတ်အနယ်ဆန်ခဲ့ပြီး ချဲလ်ဆီးအနေနဲ့လည်း ပုံစံကောင်းရနေတဲ့အာဆင်နယ်ဆီက အမှတ်ခွဲယူနိုင်ခဲ့တာ မျှတတဲ့ရလဒ်လို့ပဲပြောရမှာပါ။ ဒီနေ့ပွဲမှာ ပိုကောင်းတယ်လို့ဆိုနိုင်တာက အာဆင်နယ်ဖြစ်ပေမဲ့ ပထမပိုင်း ၁၅ မိနစ်မှာ ပင်နယ်လ်တီရခဲ့တာနဲ့ ၄၈ မိနစ်မှာ မူဒရစ်ဂိုးနဲ့ ၂ ဂိုးပြတ် ဦး​ဆောင်ခဲ့တာကြောင့် အာဆင်နယ်အတွက် ခဲခက်ပေမဲ့ သူတို့ပြန်လာနိုင်ခဲ့ပါတယ်။

ရှက်ဖီးနဲ့ မန်ယူပွဲမှာတော့ ရှက်ဖီးဟာ တန်းဆင်းဇုန်ကအသင်းဖြစ်ပေမဲ့ မန်ယူကို အံတုနိုင်ခဲ့ပြီး သူတို့နိုးထမှုပြခဲ့သလို မန်ယူကလည်း တိုက်စစ်မှုးတွေတာဝန်မကျေချိန်မှာ တော်မီနေးနဲ့ ဒါးလော့တို့ နိုးထလို့သာ နိုင်သင့်တဲ့ပွဲ အနိုင်ရခဲ့တယ် ပြောရမှာပါ။ အကောင်းဆုံးကတော့ နယူးကာဆယ်ပါပဲ။ ဖန်သားနန်းတော်ကို လွယ်လွယ်ရိုက်ခွဲပြီး သေချာတဲ့ဂိုးသွင်းမှုတွေနဲ့ ရက်ရက်စက်စက်ချေမှုန်းပြခဲ့တဲ့ ငှက်ကျားတွေဟာ ဒီတစ်ပတ်အတွက်​တော့ အရုန်းနိုင်ခဲ့ဆုံးနဲ့သူ့ယုံကြည်သူတွေအပျော်ရဆုံးလို့ ပြောရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *