October 19, 2024

၂၂. ၁၀. ၂၀၂၃

Written By Treasure

ကမ္ဘာကျော် ဘောလုံးကလပ်အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ဓဝင်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဆာ ဘော်ဘီချာတန်ဟာ အောက်တိုဘာ ၂၁ ရက်က ကွယ်လွန်ခဲ့တယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

၁၉၃၇ ခုနှစ် အောက်တိုဘာ ၁၁ ရက်က အင်္ဂလန်နိုင်ငံ အက်ရှင်တန်မြို့မှာ မွေးဖွားခဲ့တဲ့ ဘော်ဘီချာတန်ဟာ ကွင်းလယ်ခံစစ်နဲ့ ကွင်းလယ်တိုက်စစ်နေရာတို့မှာ ထူးချွန်တဲ့ဘောလုံးသမားဖြစ်ပြီး ၁၉၅၃ ခုနှစ်မှာ မန်ချက်စတာမြို့ အခြေစိုက် မန်ချက်စတာယူနိုက်တက် လူငယ်အသင်းမှာ စတင်ရွေးချယ်ခံခဲ့ရပါတယ်။ ဘော်ဘီချာတန်ဟာ မန်ချက်စတာယူနိုက်တက်လူငယ်အသင်းမှာ ခြေစွမ်းပြသခဲ့ပြီး အသင်းနဲ့အတူ FA Youth Cupကို ၃ နှစ်ဆက်တိုက် ရယူနိုင်ခဲ့ပါတယ်။

This image has an empty alt attribute; its file name is 391577466_122121309662040280_7083238573851602390_n.jpg

မန်ချက်စတာ လူငယ်အသင်းမှာ ခြေစွမ်းပြသနေတဲ့ ဘော်ဘီချာတန်ကို ၁၉၅‌၆ ခုနှစ်မှာ စီနီယာအသင်းကြီးကနေ ခေါ်ယူခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့သလို အသင်းရဲ့ ဂန္ဓဝင်ကစားသမားတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။ ဘော်ဘီချာတန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ၁၇ နှစ်ကြာအောင် ခြေစွမ်းပြကစားပေးခဲ့ပြီး အသင်းနဲ့အတူ အင်္ဂလိပ် ပထမတန်း ချန်ပီယံဆု ၃ ကြိမ်၊ FAဖလား ၁ ကြိမ် နဲ့ ဒုတိယ ၃ ကြိမ်၊ ချာရတီဒိုင်း နှစ်ကြိမ်၊ ဥရောပဖလား တစ်ကြိမ်တို့ကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားလည်း ဖြစ်သလို အင်္ဂလန်လက်ရွေးစင်တစ်ယောက်လည်းဖြစ်တဲ့ ဘော်ဘီချာတန်ဟာ ၁၉၉၆ အင်္ဂလန်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရရှိခဲ့တဲ့ ချန်ပီယံဆုရရှိခဲ့သလို အင်္ဂလန်ဘုရင်မကြီး ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဆာ ဘွဲ့၊ Ballon d’Or ဆုအပါအဝင် တခြားဆုပေါင်းများစွာကို ရရှိခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

This image has an empty alt attribute; its file name is 391694601_122121309338040280_2571566696435485181_n.jpg

ကွယ်လွန်ချိန်မှာတော့ ဘော်ဘီချာတန်ဟာ အသက် ၈၆ နှစ်အရွယ်ကို ရောက်ရှိခဲ့ပြီဖြစ်ပြီး သူဆုံးပါးသွားခဲ့တဲ့အတွက် မန်ချက်စတာယူနိုက်အသင်းက ဘော်ဘီချာတန် ကွယ်လွန်ခဲ့ရတာနဲ့ပက်သက်ပြီး လုံလောက်တဲ့ ဖြေသိမ့်စရာ စကားမရှိဘူးလို့ အဓိပ္ပါယ်ရတဲ့ စာသားကို သူတို့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *