October 19, 2024

၂၂. ၁၀. ၂၀၂၃

Written By Thandar

အောက်တိုဘာ ၂၁ ရက်က အိန္ဒယမှာကျင်းပတဲ့ Mrs Supermodel Worldwide 2023 Grand Final ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု အိမ်ထောင်ရှင်အလှမယ် မွန်း (Moon) က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆု ၃ ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။

Mrs Supermodel Worldwide Myanmar 2023 အလှမယ် Mrs. မွန်းက Mrs super Model Worldwide Brand Ambassador ဆု ၊ Mrs Photogenic နဲ့ Mrs Best National Costume 1st ဆုကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ် ။

“မြန်မာပြည်ကိုယ်စားပြုအနေနဲ့ အကောင်းဆုံး နေထိုင်ပြုမှု ပြင်ဆင်ပြသယှဉ်ပြိုင်ခွင့်ရခဲ့လို့ Brand Ambassador ဆုရခဲ့တာကို ဂုဏ်ယူရပါတယ်။ ကိုယ့်ရိုးရာယဉ်ကျေးမူဖြစ်တဲ့ ရှမ်းရိုးရာဝတ်စုံ ပြသခွင့်ရခဲ့ပြီး NC ဆုပါ ထပ်ရလို့လည်း စိတ်ကျေနပ်မူရခဲ့ပါတယ်။ အပင်ပန်းခံ အလေးခံပီး သေချာပြင်ဆင်သယ်သွားရကျိုးနပ်ခဲ့တဲ့အတွက်အရမ်းပျော်ပါတယ်။ ဓာတ်ပုံဆုရခဲ့လို့လည်းကျေနပ်ပါတယ်။ ရိုက်ကူးရေးအဖွဲ့ ကပေးတဲ့ဆုဖြစ်လို့ မြန်မာဆိုပြီး နေ့တိုင်းအပြောမခံရအောင် နေ့တိုင်းအစောကြီးထပြင်ဆင် ကြိုရောက်နေအောင် အစစအရာရာအစောကြီးထပြင်ဆင်ခဲ့မူတွေ အားလုံးပင်ပန်းခဲ့သမျှအတွက် ပြန်ရခဲ့တဲ့ ဆုတွေကြောင့် အမောပြေရပါတယ်”လို့ Moon က MTNews Entertainment ကို ပြောပါတယ်။

This image has an empty alt attribute; its file name is 22-2.jpg

အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ဒုတိယအကြိမ်ကျင်းပတဲ့ Mrs Supermodel Worldwide 2023 Grand Final ပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက်က ကျင်းပခဲ့ရာ ပြည်ပနိုင်ငံတွေဖြစ်တဲ့ မက္ကဆီကို၊ မလေးရှား၊ ရုရှား၊ ယူကရိန်း၊ ဩစတြေးလျ၊ နယူးဇီလန်အပါအဝင် နိုင်ငံပေါင်းစုံက ကိုယ်စားပြု အလှမယ် အသီးသီးနဲ့အတူ အလှမယ် မွန်းက ပါဝင် ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။

“Mrs Supermodel Worldwide 2023 ရဲ့ Brand Ambassador ဖြစ်ခွင့်ရခဲ့တာကို ဂုဏ်အယူရဆုံးပါ။ တစ်နှစ်လုံး Winner နဲ့အတူတူပွဲကြော်ငြာပုံတွေမှာ ထည့်ခံရမဲ့သူ အဖြစ်သတ်မှတ်ပေးကြောင်း ပွဲပိုင်ရှင်ကပြောတော့ အရမ်းပျော်ပါတယ်။ အကျေနပ်ဆုံးဆုတစ်ဆုပါ”လို့ သူမကဆက်ပြောပါတယ်။

ဒီပြိုင်ပွဲကြီးကိုတော့ Myanmar Beauty Paradise Organization စေလွှတ်တဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ Mrs Supermodel Worldwide Myanmar 2023 Mrs မွန်းကို စေလွှတ်ခဲ့တာလည်းဖြစ်ပါတယ်။

“ကျေနပ်တယ် ၃ ဆုရတာကိုလေ။ Brand ambassador ဆုကတော့ ဒီနှစ်မှ စပေးတာဖြစ်ပါတယ်။ တစ်နှစ်တာလုံး အတွက် Winner နဲ့အတူ ဖော်ပြခံရမှာပါ။ မွန်းက အရမ်းကြိုးစားပေးခဲ့အတွက် ကျေးဇူးပါ။ အောက်တိုဘာ ၂၄ ရက်မှာ ကျွန်တော်တို့ စင်ကာပူကို နိုင်ငံကို ခဏဝင်ပြီး မြန်မာပြည်ကို ပြန်လာမှာပါ”လို့ Myanmar Beauty Paradise Organization က Layauk Naw က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *