October 19, 2024

၂၂. ၁၀. ၂၀၂၃

Written By Treasure

အောက်တိုဘာ ၂၁ ရက်နေ့က မြန်မာလိဂ်ပွဲစဉ် ၁‌၇ ရဲ့ ပွဲစဉ်တစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်းက GFA အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ရှမ်းယူနိုက်တက်အသင်းရဲ့ ကစားသမားဖြစ်တဲ့ ဇွဲခန့်မင်းက ပွဲကစားချိန်အတွင်း ပြိုင်ဘက်ကစားသမားကို ထိုးကြိတ်ခဲ့ပါတယ်။

AFC Cup ပွဲစဉ်မှာ ၂ ပွဲဆက်ရှုံးနိမ့်ထားတဲ့ ရှမ်းယူနိုက်တက်အသင်းဟာ တန်းဆင်းဇုန်အတွင်းမှာ ကျရောက်နေတဲ့ GFA အသင်းကို အနိုင်ကစားဖို့အတွက် မိုတို၊ ဘယ်လို၊ နန္ဒကျော်၊ မျိုးမင်းလတ်၊ မက်ဆာကီ ၊ ဇာနေရသူစတဲ့ ကစားသမားတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

This image has an empty alt attribute; its file name is 7-5.jpg

GFAအသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ရဲ့ ခြေစွမ်းဟာ ကွာဟမှုကြီးမားတာကြောင့် ပွဲအစကတည်းက အကောင်းဆုံးဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၂၈ မိနစ်မှာ တိုက်စစ်မှုးမိုတိုရဲ့သွင်းဂိုးနဲ့ ဦးဆောင်ရရှိခဲ့သလို ပွဲကစားချိန် မိနစ် ၃၀ နဲ့ ၄၅ မိနစ်မှာ ဇာနေရသူ၊ ပွဲကစားချိန် ၄၃ မိနစ်မှာ ဘယ်လိုတို့က ဂိုးတွေ ထပ်မံသွင်းယူခဲ့တာကြောင့် ပထမပိုင်းပြီးဆုံးချိန်မှာ ရှမ်းယူနိုက်တက်အသင်းက ၄ ဂိုး ဂိုးမရှိရလဒ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ရှမ်းယူနိုက်တက်အသင်းကပဲ သွင်းဂိုးတွေ ထပ်မံရရှိဖို့အတွက် တိုက်စစ်ဆင်ကစားမှုတွေပြုလုပ်ခဲ့ပြီး ပွဲကစားချိန် ၄၇ မိနစ်နဲ့ ၄၈ မိနစ်မှာ ဘယ်လိုက အနိုင်ဂိုးတွေ ထပ်မံသွင်းယူခဲ့ပေမယ့် GFA အသင်းရဲ့ နှစ်သိမ့်ချေပဂိုးကို မျိုးမင်းအောင်က ပွဲကစားချိန် ၆၁ မိနစ်မှာ ပြန်လည်သွင်းယူခဲ့ပါတယ်။

This image has an empty alt attribute; its file name is 8-3.jpg

ပွဲကစားချိန် မိနစ် ၈၀ ကျော်မှာတော့ ရှမ်းယူနိုက်တက်အသင်းရဲ့ နောက်ခံလူ ဇွဲထက်မင်းနဲ့ GFA ကစားသမားတို့ ဘောလုံးယှဉ်လုရင်း အချင်းများနေချိန်မှာ ဇွဲခန့်မင်းက ပြိုင်ဘက်ကစားသမားကို ဝင်ရောက်ထိုးကြိတ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး ကွင်းလယ်ဒိုင်လူကြီးက အချင်းများမှုကို စတင်ခဲ့တဲ့ ဇွဲထက်မင်းကို အနီကတ်ပြထုတ်ပယ်ခဲ့ပေမယ့် ပြိုင်ကစားသမားကို ဝင်ရောက်ထိုးကြိတ်ခဲ့တဲ့ ဇွဲခန့်မင်းကိုတော့ အဝါကတ်သာပြသပြီး သတိပေးခဲ့ပါတယ်။

အဲ့ဒီဖြစ်မှာ ဒိုင်လူကြီးရဲ့ကိုင်တွယ်ဖြေရှင်းမှုကို အားနည်းတယ်လို့ ဝေဖန်မှုတွေရှိနေသလို ပြိုင်ဘက်ကစားသမားကို ဥပဒေမဲ့ ထိုးကြိတ်ခဲ့တဲ့ ဇွဲခန့်မင်းကိုလည်း အနီကတ်ပြသထုတ်ပယ်သင့်တယ်လို့ ပြော‌ဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ ဇွဲခန့်မင်းဟာ ပြီးခဲ့တဲ့ အာရှအားကစားပြိုင်ပွဲအဖြစ် ဘင်္ဂလားဒေ့ရှ်အသင်းနဲ့ မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်မှာလည်း ပြိုင်ဘက်အသင်းရဲ့ ကစားသမားကို ဥပဒေပြင်ပ ကစားခဲ့မှုကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရသလို မြဝတီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာလိဂ်ပွဲစဉ်မှာလည်း ပြိုင်ဘက်အသင်းသားကို ပရိုမပီသ‌တဲ့ အပြုအမူတွေပြုလုပ်ခဲ့ဖူးပါတယ်။

ဒါကြောင့် ရှမ်းယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ အသင်းသားတွေဖြစ်တဲ့ ဇွဲခန့်မင်းကို ဘယ်လိုပြစ်ဒဏ်တွေချမှတ်နိုင်မလဲ မြန်မာလိဂ်တာဝန်ရှိသူတွေကရော ဘယ်လို‌တွေအရေးယူမလဲ‌ဆိုတာကတော့ စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *