October 19, 2024

၂၂. ၁၀. ၂၀၂၃

Written By Thandar

Forever Group က အနုပညာရှင်များစွာနဲ့အတူ ကျင်းပခဲ့တဲ့ Forever Festival 2023 Day 3 ကို အောက်တိုဘာ ၂၂ရက်က ရန်ကုန်မြို့ရှိ Timecity Jewellery Mall Indoor Promotion Area မှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားမှာ ၂၀၁၉ ခုနှစ်ထဲ ရိုက်ကူးခဲ့တဲ့ “ရေနံသာခင်ခင်ကြီး” ဇာတ်လမ်းတွဲ မိတ်ဆက်ခဲ့ပြီး သရုပ်ဆောင် ၊ အဆိုတော် ဝေလာရီ၊ ကောင်းဇံဟိန်း၊ ဟန်ထူးစျာန်၊ သုတအောင်၊ စောမင်းယျာ၊ ဆု၀တီ၊ ဇွန်ဝေယံ၊ Lucas နဲ့ အတူ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။ တက်ရောက်လာတဲ့ အနုပညာရှင်တွေက ပရိသတ်တွေကို ဇာတ်ဝင်တေးသီချင်း‌တွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

This image has an empty alt attribute; its file name is 2-12.jpg

“မကြာခင်ထုတ်လွှင့်မဲ့ “ရေနံ့သာ ခင်ခင်ကြီး” ရုပ်သံဇာတ်လမ်းတွဲ အထူးမိတ်ဆက်ပွဲလေးကိုပါ လုပ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ ဝေလာက “ရေနံ့သာ ခင်ခင်ကြီး” နေရာက သရုပ်ဆောင်ခဲ့တာပါ။ ဒီကားက ဝေလာ့အတွက် တကယ့်ကို အမှတ်တရဖြစ်‌စေခဲ့တာပါ။ နှစ်တွေအများကြီး ဒီဇာတ်ကောင်ကာရိုက်တာကို သွင်းခဲ့တာပါ။ စိတ်ရော လူရောတော်တော်ပင်ပန်းခဲ့ရတယ်။ နေ့တိုင်းလည်း ဝေလာ ငိုခဲ့ရတယ်။ ဇာတ်ကောင်နေရာကို ဝေလာကြိုးစားထားပါတယ်။ဝေလာ က ရေနံ့သာခင်ခင်ကြီး ဖြစ် မဖြစ်ဆိုတာကို ပရိသတ်တွေက ဝေဖန်ထောက်ပြပေးပါလို့ ပြောချင်ပါတယ်”လို့ ဝေလာရီက ပြောပါတယ်။

Teen Radio ၊ Mandalay FM & Teen Radio အစီအစဉ်တွေနဲ့အတူ Forever Group က ထုတ်လွှင့်ပြသမယ့် ဇာတ်ကားတွေကိုလည်းမိတ်ဆက်ခဲ့ပြီး ပရိသတ်တွေနဲ့ ဓာတ်ပုံ ရိုက်ကူးမှု‌တွေ ဂိမ်းဆော့ကစားတာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

“နာမည်ကြီး ဝတ္ထုကို ပြန်လည် ရိုက်ကူးတဲ့အခါ ကိုယ့်ရဲ့ စိတ်ဆန္ဒအရ ပုံဖော်ထားကြတဲ့ ကာရိုက်တာတွေ ရှိကြတယ်။ ကိုယ့်စိတ်ထဲမှာ မှန်းထားတဲ့ ကာရိုက်တာနဲ့ ဟန်ထူးဈာန်နဲ့ လိုက်ချင်မှ လိုက်မှာပါ။ ဒါလေးကိုလည်း ‌နားလည်ပေးပြီ ကြည့်ရှုပေးကြပါလို့ ပြောချင်တယ်”လို့ ဟန်ထူးဈာန်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *