October 19, 2024

၂၃. ၁၀. ၂၀၂၃
Written By Thandar

မလေးရှားနိုင်ငံမှာ ကျင်းပမယ့် Miss Cosmopolitan World 2023 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်မယ့် အလှမယ် သန္တာစိုးက ယနေ့ အောက်တိုဘာ ၂၃ ရက် နံနက် ၆ နာရီက ရန်ကုန်မြို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စတင်ထွက်ခွာသွားပြီဖြစ်ပါတယ်။

“ညီမ ပြိုင်ပွဲကြီးအတွက် အချိန်တွေ အများကြီး မရပေမယ့် အကောင်းဆုံးကြိုးစားသွားမှာပါ။ လက်ရှိ ပြိုင်ပွဲကြီးအတွက် စိတ်တွေတော့ အရမ်းလှုပ်ရှားနေပါတယ်။ Talent ပိုင်းတွေ Speaking လေ့ကျင့်ပြင်ဆင်ထားပါတယ်။ ဒီပြိုင်ပွဲမှာ ညီမအနေနဲ့ စိန်ခေါ်မှုတွေနဲ့ အရာရာကို သင်ယူလေ့လာရင်းနဲ့ အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ ညီမရဲ့ ယှဥ်ပြိုင်မှုကို အားပေးတဲ့အနေနဲ့ မြန်မာပြည်က ပရိသတ်တွေလည်း အားပေးဝန်းရံပေးကြပါလို့ ပြောချင်ပါတယ်” လို့ Mis sCosmopolitan World Myanmar 2023 အလှမယ် သန္တာစိုးက MTNews Entertainment ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-23_10-58-17.jpg

အောက်တိုဘာ ၂၄ ရက်ကနေ နိုဝင်ဘာ ၉ ရက်အထိ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် Miss Cosmopolitan World 2023 ပြိုင်ပွဲကြီးမှာ အာဆီယံနိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်က အလှမယ်တွေနဲ့အတူ မြန်မာကိုယ်စားပြု အလှမယ် သန္တာစိုးက ဝင်ရောက်ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။

Miss Cosmopolitan World Myanmar 2023 အလှမယ် သန္တာစိုးက Akyab Star ကနေ မွေးထုတ်ထားတဲ့ ရခိုင်တိုင်းရင်းသူ အလှမယ်တစ်ဦးဖြစ်ပြီး Miss Universe Sittwe 2023 – 1st Runner Up ဆုနဲ့ Miss World Myanmar 2023 1st Runner Up ဆုတွေကို မကြာခင်က ရရှိထားသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *