October 19, 2024

၂၃. ၁၀. ၂၀၂၃
Written by Nay Moe

PDF များက ပျုရွာဟုသတ်မှတ်ထားသည့် သရက်ကွအထက်တန်းကျောင်းခွဲကို ဒရုန်းဖြင့်ဗုံးချရာမှ Grade-4 ကျောင်းသားငယ်တစ်ဦး ဦးခေါင်း ဗုံးဆံထိကာ ပွဲချင်းပြီးသေဆုံးခဲ့မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ထိုဖြစ်စဥ်မှာ အောက်တိုဘာ ၂၀ နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ သရက်ကွ ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF များက သရက်ကွကျေးရွာ၏ အနောက် တောင်ဘက်တစ်မိုင်ခန့်အကွာ တောတိုက်ဘက်နေ၍ Drone ယာဉ်တစ်စီးဖြင့် Drop Bomb တစ်လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့သည်။

ထို Drop Bomb မှာ ကျေးရွာ၏တောင်ဘက်အနီးသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါနေရာအနီးရှိနေသည့် သရက်ကွကျေးရွာနေသူများဖြစ်သော Grade-4 ကျောင်းသား မောင်ရန်နိုင်ဌေး (၁၀)နှစ်တွင် ဦးခေါင်းဗုံးသီးစထိမှန် ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဦးအောင်ဌေး(၆၅)နှစ်တွင် ဝဲတင်ပါးဗုံးသီးစထိမှန်ဒဏ်ရာတစ်ချက် ရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဦးအောင်ဌေးအား လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်သည့်အချိန်မှ ယခုနှစ် အောက်တိုဘာလဆန်းအထိ သံဃာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူ ကလေးသူငယ် ၆၆၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF နှင့် EAOs တို့၏ သ-တ်ဖြ-တ်မှုခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *