October 19, 2024

၂၃. ၁၀. ၂၀၂၃
Written by Pan Ei

တောင်ကိုရီးယားမှာသာမက နိုင်ငံတကာမှာပါ ရေပန်းစားတဲ့ ကိုရီးယား Variety Show “Running Man” ရဲ့ အမြဲတမ်းပုံမှန် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂျောင်ဆိုမင်းဟာ ရှိုးကနေ ထွက်တော့မယ်လို့ သူမရဲ့အေဂျင်စီ King Kong By Starship ကနေ ဒီနေ့ (အောက်တိုဘာ ၂၃ ရက်) မှာ အတည်ပြုခဲ့ပါတယ်။

သူမရဲ့ အေဂျင်စီက “Running Man ရဲ့ အဖွဲ့ဝင်တွေ၊ ထုတ်လုပ်ရေးအဖွဲ့ဝင်တွေ​၊ အေဂျင်စီတို့နဲ့ အချိန်အတော်ကြာ ဆွေးနွေးပြီးနောက်မှာ သူ့ကိုယ်သူ ပိုကောင်းတဲ့ဘက်ကို ပြသနိုင်ဖို့ အချိန်တစ်ခုလိုတယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်”လို့ ဖော်ပြခဲ့ပြီး သူမနဲ့အတူ ငိုခဲ့ ရယ်မောပေးခဲ့သူအားလုံးကို ကျေးဇူးတင်တယ်လို့လည်း အေဂျင်စီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-23_09-55-10-1024x614.jpg

အသက် ၃၇ နှစ်အရွယ် မင်းသမီး ဂျောင်ဆိုမင်းဟာ ၂၀၁၇ ခုနှစ် ဧပြီလမှာ ပုံမှန်အဖွဲ့ဝင်အဖြစ် Running Man မှာ စတင်ပါဝင်ခဲ့တာဖြစ်ပြီး အရင်ရှိုးပုံစံနဲ့ ကွဲလွဲနေတဲ့ သူမရဲ့ပုံစံကြောင့် ချစ်ခင်သူတွေများခဲ့သလို မုန်းတဲ့ ပရိသတ်တွေလည်း အတော်လေးရှိခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်ကတည်းက စတင်ခဲ့တဲ့ Running Man မှာ အရင်က ထွက်ခွာသွားခဲ့တဲ့ အဖွဲ့ဝင်တွေလည်းရှိခဲ့ဖူးပြီး ဂျောင်ဆိုမင်းပါဝင်မယ့် နောက်ဆုံး Running Man အပိုင်းကိုတော့ လာမယ့် အောက်တိုဘာ ၃၀ မှာ ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref; Allkpop

Leave a Reply

Your email address will not be published. Required fields are marked *