October 19, 2024

၂၁. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

အစ္စရေးနှင့် ဟားမားစ်တို့၏စစ်ပွဲ အောက်တိုဘာ ၇ ရက်က စတင်ခဲ့ပြီးနောက် အကူအညီအထောက်အပံ့များ လုံးဝရပ်ဆိုင်းနေသည့် ပြည်သူ ၂ ဒသမ ၃ သန်းခန့်နေထိုင်ရာ ဂါဇာကမ်းမြောင်အတွင်းသို့ အောက်တိုဘာ ၂၁ ရက်တွင် လူသားချင်းစာနာမှု ဆေးဘက်ဆိုင်ရာအထောက်အပံ့များ တင်ဆောင်ထားရာ အီဂျစ်နိုင်ငံမှ ထရပ်ကား အစီး ၂၀ က ရာဖာနယ်စပ်ဖြတ်ကျော်ဂိတ်မှ ဝင်ရောက်ခွင့်ရခဲ့ကြကြောင်း သိရသည်။

သဘောတူညီချက်အရ အီဂျစ်လခြမ်းနီအသင်းမှ ပါလက်စတိုင်းလခြမ်းနီအသင်းသို့ အဆိုပါဆေးဝါးအ ထောက်အပံ့များလွှဲပြောင်းပေးမည်ဖြစ်ပြီး အောက်တို ဘာ ၂၃ ရက်အထိ အခြားအထောက်အပံ့ကားများကို နယ်စပ်ဂိတ်မှ ဖြတ်ကျော်ခွင့်ပြုမည်မဟုတ်ဟု ကုလသမဂ္ဂအရာရှိတစ်ဦးက ပြောခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-10-21_16-28-26.jpg

ရာဖာဂိတ်အနီးတွင် ခန့်မှန်းခြေ လူသားချင်းစာနာမှုအထောက်အပံ့ပစ္စည်းမျိုးစုံ တန် ၃,၀၀၀ ခန့် တင်ဆောင်ထားသည့် ထရပ်ကား အစီး ၂၀၀ ကျော်က ဂါဇာဒေသအတွင်းဝင်ရောက်ခွင့်ရရေး စောင့်ဆိုင်းနေသည်မှာ ရက်အတန်ကြာပြီဖြစ်သည်။

ဂါဇာဒေသသို့ အထောက်အပံ့ကားများဝင်ခွင့်အတွက် ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ အီဂျစ်နှင့် အစ္စရေးတို့ တစ်ပတ်ခန့် အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီးမှ သဘောတူညီချက်စတင်ရရှိကာ အောက်တိုဘာ ၂၁ ရက်တွင် ကားအစီး ၂၀ စတင်ဝင်ရောက်နိုင်ခြင်းဖြစ်သည်။

သို့သော် အစ္စရေးအစိုးရက အထောက်အပံ့ပစ္စည်းများဖြန့်ဝေမှုက ဟားမားစ်တို့ထံရောက်ရှိခြင်း(သို့မဟုတ်) ဟားမားစ်တို့က သိမ်းပိုက်ရယူခြင်းမျိုးမရှိဟု သက်သေအထောက်အထားများပြရန် တောင်းဆို ယထားသည်။

အောက်တိုဘာ ၇ ရက် စစ်ပွဲစတင်သည်မှစ၍ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အကြီးအကျယ်ပျက်စီးဒုက္ခရောက်ကာ စားနပ်ရိက္ခာများပါပြတ်လပ်နေပြီဖြစ်သော ဂါဇာဒေသပြည်သူများအတွက် ကားအစီး ၂၀ စာ ထောက်ပံ့ရေးပစ္စည်းများက သမုဒ္ဒရာကြီးအတွင်း ရေစက်လေးတစ်စက် ချသကဲ့သို့သာရှိမည်ဟု မီဒီယာအချို့က သရော်ခဲ့ကြသည်။

Res—–=- Al Jazeera, The Guardian

Leave a Reply

Your email address will not be published. Required fields are marked *