October 19, 2024

၂၁ . ၁၀ . ၂၀၂၃
Written by Thettant

စနေမန်ချက် စီးပွားပျက်လို့ သရော်ခနဲ့တဲ့ စကားတွေထွက်ပေမဲ့လည်း ဒီတစ်ပတ်မန်ယူကတော့ စနေညပေမဲ့ တနင်္ဂနွေဘက်ရောက်သွားတာမို့လို့ အခြေလှမလားတွေးဆစရာရှိသလို မာဆေးဆိုက်ဒါဘီ၊ လန်ဒန်ဒါဘီတွေနဲ့ အကြိတ်အနယ်ကြည့်ရမဲ့ ပွဲစဉ်တွေလည်း ပါဝင်နေတဲ့ ဒီတစ်ပတ်ပရီးမီးယားလိဂ်ရဲ့ စနေညပွဲစဉ်တွေကို MT News က ခန့်မှန်းကြည့်ချင်ပါတယ်။

◾ လီဗာပူး Vs အဲဗာတန်

ဒီရာသီမှာ အဲဗာတန်ဟာ အခြေမလှ တန်းမဆင်းရဖို့ ရုန်းကန်နေရတယ်လို့ဆိုရမဲ့ အခြေအနေပေမဲ့လည်း မာဆေးဆိုက်ပြိုင်ဘက်လီဗာပူးနဲ့တွေ့ချိန်တိုင်းမှာတော့ မြို့ခံပြိုင်ဘက်ပီပီ ဖောင်ဖျက်ကန်တတ်တာ ဂရုစိုက်ရမှာပါ။ တစ်ဖက်မှာ လီဗာပူးကလည်း စပါးကို ရှုံး၊ ဘရိုက်တန်ကို သရေကျနဲ့ အခြေမလှတဲ့ ပရီးမီးယားလိဂ်ကို နိုင်ပွဲပြန်ယူဖို့ ကြိုးပမ်းမှာပါ။ ဒီပွဲဟာ အကြိတ်အနယ်ဖြစ်နိုင်သလို သွင်းဂိုးလည်းများမဲ့အခြေအနေမို့လို့ လီဗာပူးနဲ့ ဂိုးပေါ်လို့ ခန့်မှန်းတာက ပိုအဆင်ပြေနိုင်မှာပါ။

ဘာဘာတော့ ခန့်မှန်းချက် လီဗာပူး ၂- ၀ အဲဗာတန်
Sports Mole ခန့်မှန်းချက် လီဗာပူး ၃- ၁ အဲဗာတန်

◾ ဘရန်ဖို့ Vs ဘန်လေ

လူတန်တောင်းလိုအသင်းတစ်သင်းပဲနိုင်ထားပြီး ပွဲတိုင်းနီးပါးကို အရှုံးများများနဲ့ သရေနည်းနည်းရောမွှေရင်း ပရီးမီးယားလိဂ်ရှစ်ပွဲမှာ ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ဘန်လေတို့ဟာ အခြေပျက်ပေမဲ့ တိုက်စစ်ထက်တဲ့ ဘရန့်ဖို့ကို အဝေးကွင်း ရင်ဆိုင်ရချိန်မှာတော့ နိုင်ဖို့မဖြစ်နိုင်ဘူးလို့ဆိုရမှာပါ။ ဒီပွဲစဉ်ဟာ အခြေပျက်နေတဲ့ ဘရန့်ဖို့နဲ့ အခြေမလှတဲ့ ဘန်လေတို့ နှုတ်ခမ်းပဲ့ချင်းမီးမှုတ်ကြမဲ့အချိန်မှာ ဘ၀တူအသင်းတွေဆီက အမှတ်ကဲ့ယူပြီး တန်းဆင်းဇုန်တိုက်ပွဲမပါရအောင် သတိထားရှောင်မဲ့ ဘရန့်ဖို့နဲ့ နေထိုင်တာက အဆင်ပြေမှာပါ။

ဘာဘာတော့ ခန့်မှန်းချက် ဘရန်ဖို့ ၁- ၁ ဘန်လေ
Sports Mole ခန့်မှန်းချက် ဘရန်ဖို့ ၂- ၀ ဘန်လေ

◾ ဘုန်းမောက် Vs ၀ုဗ်လ်

ပရီးမီးယားလိဂ်ရှစ်ပွဲမှာ သရေသုံးပွဲနဲ့ သုံးမှတ်ပဲရထားပြီး ပေးဂိုးကလည်း ၁၈ ဂိုးနဲ့ အလှုလာပေးနေတဲ့ ဘုန်းမောက်ထက်စာရင် ၂ ပွဲနိုင်၊ ၂ ပွဲသရေယူထားတဲ့ ၀ုဗ်လ်က သာတယ်တွက်ဆရမှာဖြစ်သလို မန်စီးတီးကိုနိုင်၊ ဗီလာကိုသရေကျထားတဲ့ ခြေတွေမှာလည်း ၀ုလ်ဗ်က ရစ်သမ်မှန်လာတယ်ပြောရမှာပါ။ ဒီအခြေအနေမှာ ဘုန်းမောက်က ကြေးဖွင့်လာတာက အံ့အားသင့်စရာဖြစ်လို့ ၀ုဗ်လ်ကိုပဲရွေးဖို့ ပြောရမှာပါ။

ဘာဘာတော့ ခန့်မှန်းချက် ဘုန်းမောက် ၁- ၀ ၀ုဗ်လ်
Sports Mole ခန့်မှန်းချက် ဘုန်းမောက် ၁- ၂ ၀ုဗ်လ်

◾ နော်တင်ဟမ် Vs လူတန်

အာဆင်နယ်၊ မန်ယူ၊ မန်စီးတီးတို့ကို ရှုံးထားတယ်ဆိုပေမဲ့လည်း ချဲလ်ဆီးအပါအဝင် နိုင်သင့်တဲ့အသင်းတွေကို အနိုင်နဲ့ သရေကစားထားတဲ့ နော်တင်ဟမ်က တိုက်စစ်ကောင်းတဲ့အသင်းထဲ စာရင်းမှတ်ရမှာဖြစ်ပြီး မန်ယူတို့၊ အာဆင်နယ်တို့ကိုတောင် ဂိုးလိုက်သွင်းပြနိုင်တဲ့အသင်းပါ။ တစ်ဖက်က လူတန်ကတော့ နိုင်ပွဲတစ်ပွဲ သရေတစ်ပွဲနဲ့ အောက်ဆုံးထဲမှာပဲ အိမ်ဖြည့်အသင်းအဖြစ် ဝဲလည်နေပြီး ပရီးမီးယားလိဂ်ရဲ့ အားအနည်းဆုံးအသင်းဖြစ်နေတာပါ။ ဒီလိုမျိုး အသင်းနှစ်သင်း ထိပ်တိုက်တွေ့နေချိန်မှာ အိမ်ကွင်းအားသာတဲ့အပြင် တစ်လုံးသွင်းတာနဲ့ ငွေမြင်ရမဲ့ နော်တင်ဟမ်ဘက်က ရဲရဲနေဖို့အကြံပြုချင်ပါတယ်။

ဘာဘာတော့ ခန့်မှန်းချက် နော်တင်ဟမ် ၁- ၀ လူတန်
Sports Mole ခန့်မှန်းချက် နော်တင်ဟမ် ၂- ၀ လူတန်

◾ နယူးကာဆယ် Vs ပဲလေ့စ်

လောင်းကစားမှုလုပ်တဲ့ တိုနာလီကြောင့် အခြေအနေတွေ ရှုပ်ထွေးနေတဲ့ နယူးကာဆယ်ဟာ ရစ်သမ်မှန်လာတဲ့ သူ့ခြေစွမ်းကို ဆက်ထိန်းဖို့နဲ့ တိုနာလီဂယက်ဟာ အသင်းအပေါ် လာမရိုက်ခတ်ဖို့အတွက် ပရိသတ်အမျက်မရှအောင် ပဲလေ့စ်ကို အနိုင်ကန်မှာပါ။ တစ်ဖက်က ဖန်သားနန်းတော်ဟာ တိုက်စစ်ကောင်းတဲ့အထဲမပါသလို ခံစစ်ကောင်းတဲ့အထဲလည်း ပါတယ်ပြောမရဘဲ ရဂိုး ၇ ဂိုး၊ ပေးဂိုး ၇ ဂိုးဆိုတဲ့အနေအထားမှာ အိမ်ရှင်အားသာချက်ရော တိုက်စစ်အားသာချက်ပါ အသာစီးရယူထားနိုင်တဲ့ ငှက်ကျားတွေက ပုံမှန်အားပေးသူရော၊ ငွေနဲ့အားပေးသူပါပျော်နိုင်ဖို့ အနည်းဆုံးလိုအပ်တဲ့ နှစ်ဂိုးကို သာသာယာယာ သွင်းယူနိုင်မှာပါ။

ဘာဘာတော့ ခန့်မှန်းချက် နယူးကာဆယ် ၂-၀ ပဲလေ့စ်
Sports Mole ခန့်မှန်းချက် နယူးကာဆယ် ၂- ၀ ပဲလေ့စ်

◾ ချဲလ်ဆီး Vs အာဆယ်နယ်

သမိုင်းထဲမှာ အာဆင်နယ်ဟာ ချဲလ်ဆီးအတွက် ငယ်နိုင်လို့ ပြောရမလိုဖြစ်ပေမဲ့ ပစ္စုပ္ပန်မှာတော့ အာဆင်နယ်ဟာ အထည်ကြီးပျက်ချဲလ်ဆီးကို အမြဲတီးနိုင်ဖို့ အားကောင်းမောင်းသန်ဖြစ်လာနေသလို လက်ရှိမှာလည်း ပိုကောင်းတဲ့အသင်းက အာဆင်နယ်ပါ။ တစ်ဖက်မှာလည်း ဗီလာကို ရှုံးပြီးကတည်းက အဝေးကွင်းမှာ ဖူဟမ်တို့ ဘန်လေတို့ကို အနိုင်ရလာတဲ့ ချဲလ်ဆီးဟာ ခြေမှန်ဖို့ ပြန်လည်ကြိုးပမ်းမှုအောင်မြင်လာတာ တွေ့မြင်လာရတာပါ။ ဒီအခြေအနေမျိုးမှာ လန်ဒန်ဒါဘီဟာ အကြိတ်အနယ်ရသတွေကို ပေးစွမ်းမှာဖြစ်သလို ဒီလိုအခြေအနေမှာ အာဆင်နယ်က ကြေးပေါက်တာနဲ့ ဂိုးအောက်မြူဆွယ်ထားတာက စဉ်းစားချင်စရာပါ။ ဘာကိုမှ မမျှော်လင့်ဘဲ အနိုင်ဆိုရင်တော့ အာဆင်နယ်ကို ရွေးချယ်ချင်ပြီး တစ်ခုခုတော့ မှတ်ချက်ပေးဆိုရင် ဂိုးပေါ်ပဲနေပါလို့ အကြံပေးရမှာပါ။

ဘာဘာတော့ ခန့်မှန်းချက် ချဲလ်ဆီး ၂-၂ အာဆယ်နယ်
Sports Mole ခန့်မှန်းချက် ချဲလ်ဆီး ၁-၂ အာဆယ်နယ်

◾ ရှက်ဖီး Vs မန်ယူ

ဒီရာသီပရီးမီးယားလိဂ်မှာ တစ်ပွဲမှ အနိုင်မရသေးတဲ့ ရှက်ဖီးဟာ အိမ်ကွင်းမှာ သရဲနီတွေနဲ့ တွေ့ဆုံချိန်မှာ သရဲနီတွေကလည်း ဗာရိန်းတို့၊ အမ်ရာဘတ်တို့ ပြန်လာပါပြီ။ သရဲနီတွေဟာ ဒီရာသီမှာ အခြေမလှဖြစ်နေပေမဲ့လည်း ရှက်ဖီးလို အသင်းကိုတော့ အနိုင်ကန်နိုင်မယ်ယူဆရတဲ့အပြင် လူနာများနေတဲ့ နောက်တန်းကလည်း တချို့ပြန်လည်ပါဝင်လာဖွယ်ရှိနေတဲ့အခြေအနေမှာ ရှက်ဖီးလိုအသင်းကိုတော့ အနိုင်သေချာဖို့ အပိုင်ကန်မှာပါ။ တစ်ဖက်မှာလည်း တစ်လုံးသွင်းရင်တောင် အပြည့်နီးပါးရှုံးဦးမဲ့ အခြေအနေကြီးကလည်း ရင်ခုန်စရာဖြစ်နေတယ်ဆိုပေမဲ့ ဒီပွဲမှာ မန်ယူကိုယုံပြီး ဂိုးအောက်နဲ့ပါ စောင့်ကြည့်တာက ပိုအဆင်ပြေနိုင်ပါတယ်လို့ ယူဆကြည့်ပါမယ်။

ဘာဘာတော့ ခန့်မှန်းချက် ရှက်ဖီး ၁- ၂ မန်ယူ
Sports Mole ခန့်မှန်းချက် ရှက်ဖီး ၁- ၃ မန်ယူ

Leave a Reply

Your email address will not be published. Required fields are marked *