October 19, 2024

၂၁. ၁၀. ၂၀၂၃
Written by Pan Ei

ဆိုက်ပရပ်စ်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ခေါင်းပေါ် ဝိုင်ခွက် ၃၁၉ ခွက် တင်ကာ ဟန်ချက်ထိန်းနိုင်ရုံသာမက ကပါ ကခဲ့ပြီး သူ့ရဲ့ နှစ်ပေါင်း ၃၀ နီးပါး ပြုစုပျိုးထောင်ခဲ့တဲ့ အတတ်ပညာနဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်ချိုးခဲ့တာ ဖြစ်ပါတယ်။

အသက် ၆၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Aristotelis Valaoritis ဆိုသူဟာ လုံခြုံရေးအကြံပေးတစ်ဦးဖြစ်ပြီး ၁၉၉၅ ခုနှစ်လောက်ကစတင်ကာ ခေါင်းပေါ်မှာ ဝိုင်ခွက်တွေတင်ပြီး ဟန်ချက်ညီအောင်ထိန်းကာ ကပြဖျော်ဖြေတဲ့ ဖန်ခွက်အကသမားတစ်ဦးအဖြစ်လည်း လုပ်ဆောင်ခဲ့ပါတယ်။

စားသောက်ဆိုင်တွေနဲ့ ပွဲလမ်းသဘင်တွေမှာ သူ့ရဲ့ စွမ်းရည်ကိုပြသတတ်သူ Valaoritis ဟာ ခေါင်းပေါ်မှာ ဝိုင်ခွက်အများအပြားတင်ကာ ဂင်းနစ်စံချိန်တင်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ Cypriot Ntinos Kkanti ဆိုသူ ခေါင်းပေါ် ဖန်ခွက် ၂၇၀ ခွက် တင်ကာ ဟန်ချက်ထိန်းခဲ့တဲ့စံချိန်ကိုချိုးဖျက်ပြီး ဝိုင်ခွက် ၃၁၉ ခွက်ကို ဟန်ချက်ညီအောင်ထိန်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဂင်းနစ်ကမ္ဘာ့စံချိန်တင်ဖို့အတွက် Valaoritis ဟာ ခေါင်းပေါ်မှာ ဖန်ခွက်တွေကို ဟန်ချက်ညီစွာနဲ့ ၁၀ စက္ကန့်ကြာအောင် ထားဖို့ လိုအပ်ပြီး “ကျွန်တော် ဒီလိုလုပ်ရတာ နှစ်သက်ပါတယ်” လို့ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့ကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Valaoritis က သူ့ခေါင်းပေါ်မှာ အမျိုးအစားမတူညီတဲ့ ဖန်ခွက်တွေကို ဟန်ချက်ညီအောင်ထိန်းပြီး ကမ္ဘာ့စံချိန်သစ်တွေတင်ဖို့ ထပ်မံကြိုးစားဖို့ စီစဉ်နေတယ်လို့လည်း သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Ref; UPI News

Leave a Reply

Your email address will not be published. Required fields are marked *