October 19, 2024

၂၀. ၁၀. ၂၀၂၃

Written by Nyein Kyaw

ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း တည်ငြိမ်နေသော်လည်း ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်လာမှုကြောင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA) ၏ ရည်ညွှန်းရွှေဈေးနှုန်း ကျပ် ၃၁ သိန်းခန့်အထိ တိုးမြှင့်သတ်မှတ်ခဲ့ပြီး ပြည်တွင်းရွှေဈေး ငါးရက်အတွင်း ကျပ် ၃၀,၀၀၀ ခန့်မြင့်တက်ကာ ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၄၇၀,၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။

ယခုတစ်ပတ်ဈေးနှုန်းစတင်ဖွင့်လှစ်သည့် အောက်တိုဘာ ၁၆ ရက် (တနင်္လာနေ့)တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁,၉၁၅ ဒေါ်လာသာရှိသော်လည်း အောက်တိုဘာ ၂၀ ရက် (ယနေ့)တွင် တစ်အောင်စကို ၁,၉၈၃ ဒေါ်လာအထိ ပြန်လည်မြင့်တက်လာခဲ့ပြီး ငါးရက်အတွင်း တစ်အောင်စကို ၆၈ ဒေါ်လာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ဒေါ်လာဈေးနှုန်းသည် တစ်ဒေါ်လာ ကျပ် ၃,၃၂၀ နှင့် ၃,၃၅၀ အကြားတွင် တည်ငြိမ်နေခြင်းဖြစ်သည်။

ထို့အတူ YGEA ၏ သတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်းသည့် ကျပ် ၂,၉၈၉,၈၀၀ သာရှိခဲ့ရာမှ ကမ္ဘာ့ရွှေဈေးမြင့်တက်မှုဟုဆိုကာ ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃,၀၉၆,၁၀၀ အထိ တိုးမြှင့်သတ်မှတ်ခဲ့ပြီး ငါးရက်အတွင်း ကျပ် ၁၀၆,၀၀၀ တိုးမြှင့်သတ်မှတ်ခဲ့၍ ပြင်ပရွှေဈေးနှုန်းများလည်း လိုက်ပါမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများ ဖြစ်ပေါ်မှုအခြေအနေမှာ အောက်တိုဘာ ၁၆ ရက်တွင် ရွှေဈေးနှုန်း ၃,၄၄၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၅၀ ကျပ်၊ အောက်တိုဘာလ ၁၇ ရက်တွင် ရွှေဈေးနှုန်း ၃,၄၂၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၄၀ ကျပ်၊ အောက်တိုဘာလ ၁၈ ရက်တွင် ရွှေဈေးနှုန်း ၃,၄၅၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၃၀ ကျပ်၊ အောက်တိုဘာလ ၁၉ ရက်တွင် ရွှေဈေးနှုန်း ၃,၄၅၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၂၅ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *