October 19, 2024

◾ အမျိုးသမီးအဖြစ် လိင်ပြောင်းထားသူတွေကို ‘အမျိုးသမီး’လို့ ခေါ်မဲ့အစား လိင်ပိုင်းဆိုင်ရာမုန်းတီးရေးလှုံ့ဆော်မှုနဲ့ ထောင်ထဲမှာပဲ ပျော်ပျော်ကြီးနေလိုက်မယ်လို့ ဗြိတိန်စာရေးဆရာမကြီး ဂျေကေရိုးလင်း ပြော

၂၀.၁၀.၂၀၂၃

Translated by Htwe Ko Tun

ဗြိတိန်နိုင်ငံမှာ လူကြိုက်များလှတဲ့ The Harry Potter စာအုပ်နဲ့ ကမ္ဘာကျော်စာရေးဆရာမကြီးဖြစ်ခဲ့တဲ့ ဂျေကေရိုးလင်းက တကယ်လို့များ အမျိုးသမီးအဖြစ်လိင်ပြောင်းထားသူတွေကို သူ့အနေနဲ့ “အမျိုးသမီးများ”လို့ခေါ်ဝေါ်သုံးစွဲဖို့ ငြင်းဆန်တာကို လက်မခံဘဲ မုန်းတီးရေးလှုံ့ဆော်မှုအဖြစ် အရေးယူမယ်ဆိုရင် သူ့ဘက်ကလည်း ထောင်ထဲကိုပျော်ပျော်ကြီးသွားလိုက်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

တစ်စုံတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာကိစ္စနဲ့ပတ်သက်လို့ အမုန်းတရားလှုံ့ဆော်ရင် ဗြိတိန်မှာ ထောင်ဒဏ်နှစ်နှစ် အထိချမှတ်နိုင်ပါတယ်။ တကယ်လို့များ အမျိုးသမီးဘဝသို့ လိင်ပြောင်းထားသူတွေကို သူမ/သူမ၏ (She/her) စတဲ့နာမ်စားတွေမသုံးခဲ့ရင် ဒီဥပဒေနဲ့ငြိစွန်းပြီးအရေးယူနိုင်ပါတယ်။

ဂျေကေရိုးလင်းက တကယ်လို့များ သူမအနေနဲ့ဆိုရင်တော့ အမျိုးသမီးအစစ်အဖြစ်မဟုတ်တဲ့သူတွေကို မမှန်ကန်တဲ့နာမ်စားတွေ အသုံးပြုခေါ်ဝေါ်မယ့်အစား ထောင်ထဲမှာပဲပျော်ပျော်ကြီး ၂ နှစ် နေလိုက်မှာလို့ ပြောလိုက်တာပါပဲ။ ဂျေကေရိုးလင်းက အနာဂတ်မှာ လေဘာပါတီအစိုးရအနေနဲ့ ဒီဥပဒေကို ပြင်ဆင်ပယ်ဖျက်ဖို့ လုပ်ဆောင် သွားမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာအပြီးနောက်မှာ ခုလိုပြောကြားမှုတွေလုပ်ခဲ့တာပါ။ သူမက တွစ်တာမှာလည်း ‘လိင်ပြောင်းအမျိုးသမီးဟာလည်း အမျိုးသမီးတွေပါပဲ’ ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ မဟုတ် ပါဘူး NO လို့ဆန့်ကျင်ရေးသားခဲ့ပါတယ်။

ရိုးလင်း က အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေနဲ့ပတ်သက်လို့ လေဘာပါတီရဲ့သဘောထားနဲ့ပတ်သက်လို့ အဓိကကျသူတစ်ဦးလည်း ဖြစ်ပါတယ်။

Ref-The Telegraph

Leave a Reply

Your email address will not be published. Required fields are marked *