October 19, 2024

၂၀. ၁၀. ၂၀၂၃

Written by Nay Aung

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်ရှိ ပြည့်တန်ဆာလုပ်ငန်းတစ်ခုကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ မြန်မာနိုင်ငံသား ၃ ဦးအပါအဝင် လူပေါင်းအနည်းဆုံး ၁၆ ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများထဲတွင် ပြည့်တန်ဆာအဖြစ်လုပ်ကိုင်နေသူ ၁၀ ဦး၊ ပြည့်တန်ဆာလုပ်ငန်းနှင့်ဆက်နွှယ်နေသူ မလေးရှားနိုင်ငံသား သုံးဦး၊ ပြည့်တန်ဆာများ၏ ဖောက် သည်ဖြစ်ဖွယ်ရှိနေသည့် မြန်မာနိုင်ငံသား ၃ ဦး ဖမ်းဆီးခံရကြောင်း ဂျိုးဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးBaharuddin Tahir က ပြောသည်။

This image has an empty alt attribute; its file name is 393707348_122128866944030934_3266213635349736986_n.jpg

ဖမ်းဆီးခံရသော ပြည့်တန်ဆာ ၁၀ ဦးထဲတွင်မတော့ မြန်မာနိုင်ငံသားများ မပါဝင်ဘဲ အင်ဒိုနီးရှားအမျိုးသမီး ၂ ဦး၊ ဗီယက်နမ်အမျိုးသမီး ၃ ဦးနှင့် ထိုင်းအမျိုးသမီး ငါးဦးတို့ဖြစ်ကြောင်း ၎င်းကပြောသည်။ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနသည် တိုင်တန်းချက်များကိုလက်ခံရရှိ၍ အဆိုပါပြည့်တန်ဆာလုပ်ငန်းကို စောင့်ကြည့်စစ်ဆေးခဲ့ပြီးနောက် အောက်တိုဘာ ၁၉ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည့်တန်ဆာလုပ်ငန်းတွင် လုပ်ကိုင်နေသည့်အမျိုးသမီးများနှင့်ဆက်ဆံရန်အတွက် ဖောက်သည်များသည် WhatsApp နှင့် Telegram တို့မှ မက်ဆေ့ချ်ပေးပို့ကာ လူရွေးချယ်ရကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက ပြောသည်။ မလေးရှားအာဏာပိုင်များအနေဖြင့် ယခင်တုန်းက မလေးရှားနိုင်ငံအတွင်း ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို ပြည်ပပြန်ပို့ခဲ့သော်လည်း လက်ရှိမူ အသေးစိတ်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း၊ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေသည့် မလေးရှားနိုင်ငံသားကို တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသားများကို ကူညီစောင့်ရှောက်ပေးမှုအဖြစ် တရားမဝင် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်မှုဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်းဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးက ပြောသည်။

Ref; News Straits Times

Leave a Reply

Your email address will not be published. Required fields are marked *