October 19, 2024

၂၁. ၁၀. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံတွင် အခြေပြုလှုပ်ရှားနေသော အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသည့် ဂိုဏ်းများ၊ ရာဇဝတ်ဂိုဏ်းများ၏ လက်ထဲတွင် ဖမ်းဆီးခံထားရသော ထိုင်းနိုင်ငံသားအနည်းဆုံး ၁၁၆ ဦးရှိနေပြီး အချို့ကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြောင်းထိုင်း Tham Thamma ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော Mr. Kanwee Suebsaeng က ထုတ်ဖော်ပြောဆိုလိုက်သည်။

အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသည့် ဂိုဏ်းများလက်ထဲတွင်ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများက အကူအညီပေးရန်တောင်းဆိုမှုများကိုလက်ခံရရှိထားကြောင်း၊အဆိုပါ ထိုင်းနိုင်ငံသားများကို ပြန်လည်ကယ်ထုတ်နိုင်ရန်အတွက် ထိုင်းနှင့် မြန်မာအာဏာပိုင်များကြား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

လူကုန်ကူးဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများကို ပြန်လည်ကယ်တင်နိုင်ရန် ကြိုးပမ်းခဲ့ရာလက်ရှိအချိန်တွင် အချို့ကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့သော်လည်း လူဦးရေဘယ်လောက်အထိ ပြန်ကယ်ထုတ်နိုင်သလဲဆိုသောအချက်ကို မသိသေးကြောင်း ထိုင်း Tham Thamma ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်ကထပ်မံပြောဆိုထားသည်။

ထို့အတူ မြန်မာနိုင်ငံရှိ အွန်လိုင်းမှတစ်ဆင့်လိမ်လည်နေသည့်ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားအားလုံးကို အမြန်ဆုံးပြန်လည်ကယ်ထုတ်နိုင်မည်ဟုမျှော်လင့်ထားကြောင်း ၎င်းကပြောသည်။ တရုတ်အစိုးရသည် ၎င်းတို့နိုင်ငံအတွင်းရှိ အွန်လိုင်းမှတစ်ဆင့်လိမ်လည်နေသည့်ဂိုဏ်းများ၊ ရာဇဝတ်ဂိုဏ်းများကို ဖြိုခွင်းခဲ့ရာ အဆိုပါဂိုဏ်းများသည် ထိုင်းနှင့်မြန်မာနယ်စပ်ဒေသတစ်လျှောက်သို့ ကူးပြောင်းလာခဲ့ပြီးမြန်မာနိုင်ငံဘက်ခြမ်းတွင်အခြေပြုလှုပ်ရှားနေကြောင်းသိရသည်။

မြန်မာနယ်စပ်ဒေသတစ်လျှောက်တွင် လှုပ်ရှားနေသော အွန်လိုင်းအသုံးပြုကာ လိမ်လည်နေသည့် လူကုန်ကူးဂိုဏ်းများသည် သားကောင်များကို ထိုင်းနိုင်ငံဘက်ခြမ်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ခေါ်ဆောင်မှုများလည်းရှိနေကြောင်းသိရသည်။ ထိုင်း၊ မြန်မာ၊လာအိုနှင့်တရုတ်နိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး နယ်စပ်ဒေသတွင် အခြေပြုလှုပ်ရှားနေသော အွန်လိုင်းအသုံးပြုကာလိမ်လည်နေသည့်ဂိုဏ်းများကို ဖြိုခွင်းလျက်ရှိနေကြောင်းသိရသည်။

Ref; matichon

Leave a Reply

Your email address will not be published. Required fields are marked *