October 19, 2024

၂၀. ၁၀. ၂၀၂၃

Written by Nay Aung

ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ် Village No. 10 ရွာအနီးရှိ Ban Pak Kong အရပ်ဒေသတွင် ယနေ့ အောက်တိုဘာ ၂၀ ရက် နံနက် ၉ နာရီခန့်က ရထားတိုက်မှုဖြစ်ပွားခဲ့ရာ မြန်မာအမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုင်း Saraphi ရဲစခန်းမှတာဝန်ရှိသူများသည် ရထားတိုက်မိမှုကြောင့် လူသေဆုံးမှုများရှိခဲ့သည်ဆိုသောသတင်းပေးချက်ကို လက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းစစ်ဆေးမှုများအရ သေဆုံးသူအမျိုးသမီးသည် အသက် ၂၇ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ကြောင်း၊ အဆိုပါအမှုအသေးစိတ်ကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းပြောသည်။

This image has an empty alt attribute; its file name is 391687156_122128868732030934_4432413009654266366_n.jpg

အဆိုပါရထားတိုက်မှုနှင့်ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့သည် ရထားမောင်းသူကို စုံစမ်းစစ်ဆေးခဲ့ရာ ရထားမောင်းသူက ချင်းမိုင်မြို့သို့သွားသည့် ရထားလမ်းနှင့်ကပ်လျက်ရှိနေသော တောအုပ်အပြင်ဘက်တွင်အမျိုးသမီးတစ်ဦးလမ်းလျှောက်နေသည်ကို တွေ့မြင်ခဲ့ကြောင်း၊ အမျိုးသမီးသည် ရထားလမ်းနှင့်အပြိုင်ဖြစ်နေသည့် တောအုပ်နားတစ်လျှောက်လမ်းလျှောက်နေရာမှ ရထားလမ်းအလယ်သို့ ရုတ်တရက်တက်လာခဲ့ကြောင်း၊ထိုအချိန်တွင် ရထားကို မြန်နှုန်းမြင့်မောင်းနှင်နေခြင်းဖြစ်ရာ ဘရိတ်အုပ်နိုင်ခြင်းမျိုးမရှိခဲ့သလို ကြိုတင်သတိပေးနိုင်ခြင်းမျိုးမရှိခဲ့ဘဲ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

အဆိုပါ မြန်မာအမျိုးသမီးသည် Lamphun ပြည်နယ်သို့ ဆွေမျိုးများနှင့်အတူ အလုပ်လာလုပ်ရန် လာရောက်သူဖြစ်ကြောင်း၊ မိသားစု၊ ဆွေမျိုးများနှင့်စကားများခြင်းများမရှိကြောင်း၊ သို့သော်လည်း အကြွေးပြဿနာနှင့်ငွေကြေးပြဿနာများရှိဖွယ်ရှိနေသည့်အတွက် ရထားအတိုက်ခံကာ ကိုယ်ကိုယ်ကိုသတ်သေခြင်းမျိုးဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သုံးသပ်ထားသည်။

ထိုင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီး Warawut Makathuek သည် အဆိုပါ ရထားတိုက်မှုနှင့်ပတ်သက်ပြီး ဖြစ်ပွားရသော အဓိကအကြောင်းအရင်းများကို ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

Ref; Thairathnews

Leave a Reply

Your email address will not be published. Required fields are marked *